11

2.4K 176 9
                                    

Unicode
အနမ်းတွေ ထပ်တူကျပြီးနောက် ကားကိုယ်စီဖြင့်အိမ်ပြန်ကြရတော့သည်.....

ရှောင်ကျန့်ကားပေါ်ရောက်တာနဲ့ နှုတ်ခမ်းကိုလက်နဲ့သပ်လိုက်ကာရိပေါ်ပြောတဲ့စကားကိုပြန်ကြားနေမိသည်...
*ရှောင်ကျန့် မင်းဆေးလိပ်မသောက်လို့ထင်တယ် မင်းနှုတ်ခမ်းကချိုတယ် တခြားလူတွေနဲ့မတူဘူး*

"ကောက အစမ်းသပ်ခံလားဝမ်လေး မင်းနမ်းဖူးတဲ့လူတွေထဲကတစ်ယောက်ပေါ့ဟုတ်လား"

ရှောင်ကျန့် ကနေဒါမှာကျောင်းတက်တုန်းက ဘယ်သူ့အပေါ်ကိုမှစိတ်ဝင်စားခြင်းမရှိတာ သူ့ကိုယ်သူအသိဆုံး....

မိန်းခလေးတွေစိတ်မဝင်စားလို့ ယောက်ျားလေးတွေနဲ့ မိမိစိတ်ကိုစမ်းသပ်ခဲ့ပေမဲ့ နှလုံးသားရေပြင်က တည်ငြိမ်လျှက်....

သို့သော်... ပထမဆုံးကြားလိုက်ရတဲ့အသံလေး အသံလေးတချက်နဲ့တင် သူ့ရင်ကိုဗြောင်းဆန်စေခဲ့တယ် မထူးဆန်းဘူးလား အဲဒိအသံပိုင်ရှင်က သူမေ့ထားချင်တဲ့ ပါပါးမာမားဖွားတို့ရဲ့အချစ်တွေခွဲပေးလိုက်ရတဲ့သူ...

ငါမယုံနိုင်ဘူး အမှန်ဆိုသူရိပေါ်ကိုမနာလိုစိတ်တွေနဲ့မုန်းနေခဲ့တာမလား...

ရိပေါ်နဲ့လက်ထပ်ဖို့ရက်နီးလာလေလေ ရှောင်ကျန့်ပိုလို့စိတ်လှုပ်ရှားလေလေ ပျော်တယ် ဟုတ်တယ်သူအရမ်းပျော်နေတယ်

ဒီလူသားက သူ့အပိုင်ဖြစ်တော့မှာမလို့သူအရမ်းပျော်တယ်...

တကယ်တော့ငယ်သေးလို့သူမခွဲခြားတတ်ခဲ့ဘူး ဝမ်လေးရဲ့အနမ်းတွေကိုသူမဟုတ်ပဲတခြားသူရသွားလို့...ဝမ်လေးပြောတဲ့ချစ်တယ်ဆိုတဲ့စကားကို သူတစ်ယောက်ထဲမကြားရလို့...ဝမ်လေးရဲ့အပြုံးတွေကိုသူတစ်ယောက်ထဲမပိုင်ရလို့ သူမုန်းနေခဲ့မိတာ...

ဒီနေ့ဝမ်လေးကိုသူပိုင်ဆိုင်လိုက်ရပီ သူ့အပိုင်ဖြစ်ကြောင်း နိုင်ငံအသိကြေငြာလိုက်ပီ ဝမ်လေးဘက်က ဘယ်လိုအကြောင်းနဲ့ပဲလက်ထပ်ခဲ့လက်ထပ်ခဲ့ သူချစ်တဲ့လူသားကို ပိုင်ဆိုင်လိုက်ရပီဆိုတဲ့စိတ်နဲ့အရမ်းပျော်နေခဲ့မိတာ...

အဲဒိအပျော်တွေက နာရီပိုင်းနဲ့တင်လွှင့်ထွက်သွားတော့သည် ဝမ်လေးက သူ့ကိုလိမ်ညာပြီးလက်ထပ်ခဲ့တာတဲ့လေ ဘာကြောင့်လဲဆိုပြီးမေးခွန်းရဲ့နောက်မှာတော့ ပိုင်ဆိုင်မှုလားဆိုပြီးအတွေးဝင်လာခဲ့တော့သည်...

Game Of LifeWhere stories live. Discover now