14

2.4K 168 1
                                    

Unicode
ရှောင်ကျန့်ရေချိုးပြီးတော့ နာကျင်မှုသက်သာသွားပေမဲ့ လမ်းလျှောက်တာကပုံမှန်မဟုတ်သေး....

ချစ်ရသူပေးတဲ့နာကျင်မှုဆိုပြီးတွေးလိုက်ရင် အလိုလိုပြုံးလိုက်မိသည် တစ်ဆက်ထဲမှာပဲအလိုလိုရိပေါ်ခေါ်ဆောင်ရာလိုက်ခဲ့မိတဲ့ကိုယ့်ကိုကိုယ်မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည် လိုချင်တာဆိုမရရအောင်ယူတတ်တဲ့ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲရှိတဲ့ လောကကြီးကိုဂရုမစိုက်တတ်တဲ့ရှောင်ကျန့်... ရိပေါ်နဲ့ဆိုအလိုလိုနေရင်းအားနွဲ့သူတယောက်ဖြစ်သွားခဲ့သည်...

"ထားပါပျော်တာပဲလေ"

"ကျန့်ကော ဘာတွေရွတ်နေတာလဲ မနက်စာစားရအောင်လေ "

"အင်း.."

"ရိပေါ် ဒီနေ့အလုပ်ကိစ္စ ကောမလိုက်တော့ဘူးနော်"

"အင်း ရတယ် ကိုယ်ပဲသွားလိုက်မယ် အခန်းထဲမှာပဲနားလိုက်နော် "

ပြောင်းလဲသွားတဲ့နာမ်စားလေး ရှောင်ကျန့်အရမ်းသဘောကျသည်....

........................

ဆွစ်ဇလန်ရဲ့ခရီးစဥ်လေးကမမျှော်လင့်ပဲ သူတို့၂ဦးရဲ့ဟန်းနီးမွန်း.သူတို့အချစ်တွေအစပျိုးရာခရီးစဥ်လေးဖြစ်သွားခဲ့သည်....

ဒီကအလုပ်ကိစ္စက ၁ရက်ထဲတွေ့ စကားပြောပြီး ပြီးသွားမဲ့ဟာကို ၁ပတ်နီးပါးခရီးစဥ်အဖြစ် ဘာလို့ရိပေါ်အချိန်ယူခဲ့လဲမသိပေမဲ့ အခုတော့သူတို့၂ယောက်တည်းအတူနေဖို့အချိန်ပိုရတာကိုပင် ပျော်ရွှင်လို့နေသည်....

သူများတွေအတွက် ကမ္ဘာ့လည်ပတ်စရာအပေါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆွစ်လိုနိုင်ငံကြီးမှာ အခန်းအောင်းနေရတာမပျင်းဘူးလားလို့တွေးနိုင်ပေမဲ့ ကြင်စဦးရိပေါ်နဲ့ ရှောင်ကျန့်အတွက်ကတော့ နာရီနဲ့အမျှ ပျော်စရာတွေဖန်တီးရင်း ပျင်းစရာအကြောင်းနည်းနည်းလေးမှရှိမနေ...

အချိန်ကုန်မြန်လိုက်တာဟုပင် တွေးမိနေသေးသည်...

ရိပေါ်ကနဲ့ဖန်ရှင်းlaptop အလုပ်ကိစ္စတွေပြောနေရင်း ရှောင်ကျန့်ကတော့ အသီးစုံကိုရှေ့ကစားပွဲမှာချကာ TVနဲ့ဇိမ်ကျလို့နေသည်....

Game Of LifeWhere stories live. Discover now