30 (end)

4.1K 175 3
                                    

Light hospital

ဆေးရုံအုပ်ရုံးခန်းထဲမှာ ရောက်နေကြတဲ့လူတစ်စု...

စိုးရိမ်နေတဲ့အမူယာနဲ့ရှောင်ကျန့်...

အရာအားလုံးကိုဘာပြောပြောမယုံဘူးဆိုတဲ့အမူယာနဲ့ရိပေါ်...

ပြောမဲ့စကားတွေကိုအာရုံစိုက်ပြီးနားထောင်နေဟန်ရှိတဲ့ ရှောင်မား...

ထိုလူ၃ဦးကိုကြည့်ပြီး ရွှီးဖုန်းအားယူကာ ပထမဆုံးသူဦးတည်အသိပေးလိုက်တဲ့သူက ကာယကံရှင်နဲ့သက်ဆိုင်သူသာ...

"ရိပေါ်... အစ်ကိုပြောတာသေချာလေးနားထောင်ပေးနော် "

"ကျစ်...ခများလဲ ဟိုလူဖုန်းထဲမှာပြောတဲ့ စကားနဲ့တစ်ခုထဲပြောမလို့မလား အဲဒါများခေါ်နေသေးတယ် မဖြစ်နိုင်တာတွေ "

"မောင်ရယ်...အခုက ဘာကိစ္စတွေပြောနေတာလဲ ဘယ်သူဘာဖြစ်လို့လဲ သားကျန့်လား ရိပေါ်လား မကိုနားလည်အောင်ပြောပြပါဦး "

"မောင် ပြောပြပါ့မယ် မလဲစိတ်အေးအေးထားပီးနားထောင်ပေးနော်...ရိပေါ် အစ်ကိုပြောတာ အရင်နားထောင်ဦး "

ရှင်းပြသလိုပြောလာသောကြောင့် ရိပေါ်စိတ်လျော့ကာ...
"ပြောဗျာ ပြော "

"ရှောင်ကျန့် ဒီဆေးရုံမှာ လွန်ခဲ့တဲ့ ၁လလောက်ထဲက ဆေးတွေလာစစ်နေတာ...
သူ့ကိုယ်တိုင်ဘာဖြစ်မှန်းမသိလို့ အထွေထွေအထူးကုနဲ့ပြတယ် အဲဒိမှာ အထွေထွေအထူးကုက ရှောင်ကျန့် caseကို အစ်ကို့နဲ့တိုင်ပင်ခဲ့တယ် အစကနာမည်မမေးခဲ့မိဘူးထူးခြားတဲ့ caseဖြစ်နေလို့မေးတော့မှရှောင်ကျန့်လို့သိရတာပိုအံ့သြသွားမိတာပေါ့''

"ဟင်...သားကျန့် ဘယ်နားနေမကောင်းလို့လဲ မားကိုဘာမှလဲမပြောဘူး သားရယ် "

ရှောင်မားမေးတော့ ခေါင်းအသာခါယမ်းကာ ရှောင်ကျန့်ဖြေမိသည်...
သူကိုယ်တိုင်လဲမသေချာဘူးမလား..

"အဲဒါအထွေထွေ​Dr.က ရှောင်ကျန့်ကို OG နဲ့လက်လွှဲချင်နေတယ် "

"ဟမ်... OG Drနဲ့ ဘာမှမဆိုင်ဘူးမလား "

"ကျွန်တော်လဲ caseအကြောင်းအကုန်လေ့လာကြည့်ဖြစ်တယ် .ရှောင်ကျန့်ဖြစ်တဲ့လက္ခဏာတွေက အရမ်းထူးဆန်းနေတယ် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်သလိုမျိုးပေါ့ အဲဒိအကြောင်းပြောရင်း အာလ်ထရာဆောင်းရိုက်ကြည့်ဖို့ ဖုန်းဆက်လိုက်တာကို ရိပေါ်ကိုင်လိုက်တာပါ.. ''

Game Of LifeWhere stories live. Discover now