Unicode
ရှောင်ကျန့်အခန်းထဲထိုင်ရင်း ဘာဆက်လုပ်ရမလဲမစဥ်းစားတတ်တော့ပေ...သေချာတာက သူတစ်ယောက်ထဲသေချာစဥ်းစားဖို့လိုပြီ...ဘယ်သူနဲ့မှစကားမပြောချင်ဘူး ဘယ်သူနဲ့မှလဲမတွေ့ချင်ဘူး ဘယ်သူမှမသိတဲ့နေရာကိုထွက်သွားရမယ်..
ရှောင်ကျန့်ခြေထောက်ကဒဏ်ရာကိုဂရုမစိုက်ပဲ ခြေအိတ်ဝတ်ပြီးဖိနပ်စီးပြီး passportနဲ့ပိုက်ဆံအိတ်ပဲ ယူကာ အခန်းထဲကထွက်သွားတော့သည်။
သူနဲ့ရှောင်ပါး ဓာတ်လှေကားအဖွင့်အပိတ်လေးသာလွဲသွားခဲ့ပေမဲ့ တစ်ယောက်ကိုတစ်ယောက်မမြင်လိုက်ရပေ....
ကောကို ခဏတော့စဥ်းစားခွင့်ပြုပါ ဝမ်လေး...
....................
ရှောင်ပါးအခန်းထဲရောက်တော့ ရှောင်ကျန့်ကိုမတွေ့ပဲ ကြမ်းပြင်ပေါ်ပေကြံနေတဲ့သွေးတွေနဲ့အတူ ဖန်ကွဲစတွေ....
ရှောင်ပါးလန့်သွားပြီးလိုက်ရှာပေမဲ့ သူ့သားကိုရှာလို့မတွေ့ အိပ်ယာပေါ်က ဘတ္ထရီဖြုတ်ထားတဲ့ဖုန်းကိုယူ တပ်ကာ စက်ဖွင့်လိုက်တော့ ရိပေါ်ဆီကခေါ်ထားတဲ့ အဝင်ဖုန်းတွေတန်းစီပေါ်လာတော့သည်...
အိတ်တွေထဲ မွှေနှောက်ရှာတော့ passportယူသွားမှန်းသိလိုက်ရသည်မို့ ရိပေါ်ဆီဖုန်းခေါ်လိုက်တော့သည်။
" ဟလို ပါး...ကျန့်ကောအခြေနေကောင်းလား ကျွန်တော်သူနဲ့စကားပြောချင်တယ် "
"ရိပေါ်... သားကျန့်မရှိတော့ဘူး "
ရိပေါ် ကားကိုအရှိန်လျှော့ကာ လမ်းဘေးထိုးရပ်လိုက်ပြီး...
"ပါး...ဘယ် ဘယ်လိုမရှိတာလဲ ခုဏလေးတင်. ကျွန်တော်နဲ့စကားပြောနေတာလေ နာရီဝက်လောက်ပဲရှိဦးမယ် ပါး ကောဟော်တယ်အနီးမှာရှိဦးမှာ ""ကျစ်...အဲဒါတွေထားဦး ဘာဖြစ်တာလဲ ပါးကိုရှင်းပြဦးလေ "
''ကျွန်တော်ကြောင့် ကျွန်တော်မကောင်းတာပါ ဟာကွာ..... တောက်...."
ရိပေါ်ကိုယ့်ကိုကိုယ်စိတ်တိုတိုနဲ့ ကားစီယာတိုင်ကို ထုရိုက်နေမိတော့သည်။
ကောကဒီလောက်စိတ်ပူတာ..အားမနာတမ်း တန်းပြန်လိုက်ရင်ဖြစ်မှာမဟုတ်ဘူး...ငါ့ကြောင့် ငါမကောင်းတဲ့ကောင်ပဲ...
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉