29

2.5K 136 2
                                    

unicode

"မား...."

ရိပေါ်ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့အတွဲကြောင့် ရှောင်ကျန့်လဲ အံ့သြသွားရတော့သည်။

မာမားနဲ့အတူ တွဲလာတာက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်

သူတို့ထက်ကြီးရင် အလွန်ဆုံး၈နှစ်လောက်ပဲရှိလိမ့်မည်။

"မာမား...ဘယ်ကဘယ်လို"

"အဲ ကျန့်ကျန့်.....ရိ ရိပေါ်...နေ့လည်စာလာစားကြတာလား "

"ကျန့်ကော...လာကိုယ့်ဘေးကို
မား သားတို့နဲ့အတူစားရအောင် ဟို...အကိုအဆင်ပြေတယ်မလား ''

"အဆင်ပြေပါတယ်... မ ထိုင်လိုက်ရအောင်နော် "

"အော် အင်း အင်း..."

နောက်ဆုံး ၄ယောက်သားအတူထိုင်လိုက်ကြတော့သည်။

ရှောင်ကျန့် လက်နှစ်ဖက်ကိုပိုက်ကာ စိုက်ကြည့်လိုက်တော့...မားကတော့ မျက်နှာကြီးရဲနေပြီး ဟိုတစ်ယောက်ကတော့ မားကိုရေနွေးထည့်ပေးလိုက် တစ်ရှူးထုတ်ပေးလိုက်နဲ့...

အေးစက်တိတ်ဆိတ်နေတဲ့အခြေနေကို ရိပေါ်ကပဲစတင်ဖြိုခွဲကာ စကားစလိုက်သည်။

"မား...မိတ်ဆက်ပေးသင့်တယ်မထင်ဘူးလား "

"အော်...အေးအေး သူ့နာမည်ကရွှီးဖုန်း
ရွှီးဖုန်း ရီပေါ် နဲ့ရှောင်ကျန့်  "

"တွေ့ရတာဝမ်းသာပါတယ်...အကိုက ရိပေါ်ပရိတ်သတ်ပါ "

"ဟုတ်ကဲ့ "

ရွှီးဖုန်း ရှောင်ကျန့်ကိုလက်ကမ်းပေးလိုက်တော့ ရှောင်ကျန့်မသိချင်ယောင်ဆောင်ပြီး ရေနွေးပန်ကန်ကောက်ကိုင်ကာ..

"ဘာအလုပ်လုပ်လဲ "

"နှလုံးခွဲစိတ်အထူးကု ''

"ဘယ်ဆေးရုံလဲ "

"Light Hospital "

*What*Lightဆေးရုံက...တော်တော်တိုက်ဆိုင်တာပဲ

"မားနဲ့ဘယ်လိုတွေ့တာလဲ ''

"မ က... အကိုအမေရဲ့သူငယ်ချင်းလေ ''

"ဘာ..." " ဟင်..."

ဒီတစ်ခါတော့ရိပေါ်ပါအံ့သြသွားရသည်။ အမေရဲ့သူငယ်ချင်းကို ဘယ်လိုများတွဲဖို့ဆုံးဖြတ်ရဲတာပါလိမ့်....

Game Of LifeWhere stories live. Discover now