Part-8

2.6K 171 7
                                    

Unicode

ရိပေါ်ပြန်ရောက်တော့ အိမ်ကမီးမှောင်ကျနေ၍......

*ကျန့်ကောမရှိဘူးလား အိမ်ကြီးမှာများလား*

ရိပေါ် မီးခလုပ်ကိုစမ်းဖွင့်လိုက်တော့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ရှောင်ကျန့်ကိုမြင်ပြီး အနည်းငယ်လန့်သွားကာ...

"ဟင် ရှောင်ကျန့် မင်းရှိနေတာလား မီးမဖွင့်ပဲဘာလုပ်နေတာလဲ "

"မင်းကိုစောင့်နေတာ မေးစရာရှိလို့ "

"အရေးကြီးလို့လား "

"hotelက ကိစ္စနဲ့ပတ်သက်ပြီး မင်းငါ့ကိုပြောစရာမရှိဘူးလား "

*ဘာကိစ္စလဲ ဟော်တယ်ကိစ္စကအများကြီးလေ ရှောင်ကျန့်အခန်းလဲတာကိုအခွင့်ကောင်းယူပီး ဆေးခတ်တာ. ဓာတ်ပုံရိုက်ဖို့သတင်းပေးတာ. စေ့စပ်ပေးတယ်ဆိုပီးညာတာ ပုံပို့ခြိမ်းခြောက်တာကိုလိမ်လိုက်ရတယ်ဆိုပြီးညာတာ နောက်ဆုံးလိမ်ညာပြီးလက်ထပ်ခဲ့တာ... ဘာကိစ္စကိုသူမေးတာလဲ *

"ပြောစရာမရှိတော့ဘူးလား "

"မင်း ဘာတွေသိထားလို့လဲ "

*ငါပြောမှ မင်းဝန်ခံမှာလား မင်းကိုယ်တိုင်ဝန်ခံတာကိုငါလိုချင်တာ *

ရှောင်ကျန့်ရိပေါ်ကိုစိုက်ကြည့်နေလိုက်သည်..

"မင်းဘာလို့အဲလိုလုပ်ခဲ့တာလဲ "

"......"

"ဘာလဲ ငါ့ပိုင်ဆိုင်မှုတွေကြောင့်လား "

ရှောင်ကျန့်စကားကြောင့် ရိပေါ်လက်သီးဆုပ်လိုက်မိသည်*ပိုင်ဆိုင်မှုတဲ့လား ရှောင်ကျန့်ရာ မင်းမလို့တွေးရက်တယ် *

"အဟက်.. "

"ပြောလေ ဘာကြောင့်လုပ်ခဲ့တာလဲ "

"ဟုတ်တယ်ဆိုရင်ရော"

"ဝမ်ရိပေါ်...ဒီအိမ်ကိုစရောက်ထဲက မင်းကိုသွေးသားအရင်းလိုဆက်ဆံပေးခဲ့ကြတယ် မင်းအတွက်ဝေစုဆိုတာရှိပြီးသား အဲဒါတောင်မင်းက"

"ဝေစုဟုတ်လား..ဟားဟား..ပါးရဲ့XZ Co. မားရဲ့ XZ fashionဆိုင်တွေ.အဲဒိလုပ်ငန်းတွေအားလုံးက အချိန်တန်ရင်မင်းဦးစီးရမှာ. သွေးသားအရင်းနဲ့ ဘာမှမတော်စပ်တဲ့သူ တချိန်ချိန်မှာ ကွာဟမှုတော့ရှိသွားမှာပဲလေ "

Game Of LifeWhere stories live. Discover now