Unicode
မနက်ခင်းနေရောင်နဲ့အတူ ပျော်မြူးနေတဲ့ကျေးငှက်လေးတွေရဲ့အသံကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်။ခါးနားကဖက်ထားတဲ့တင်းကြပ်တဲ့လက်အစုံကြောင့်
အနည်းငယ်လှုပ်ပြီး ဖယ်ရန်ကြိုးစားလိုက်မိသည်..."အင်း...ဘာလို့ဖယ်နေတာလဲ"
"ဝမ်လေး နိုးသွားတာလား ကောကဝမ်လေးမနိုးအောင် ထမလို့လုပ်နေတာ ''
''ဘယ်သူကထခိုင်းလို့လဲ..morning kiss မွ...''
''မွ."
"ကောရဲ့နှုတ်ခမ်းလေးကဘယ်အချိန်နမ်းနမ်းဝကိုမဝဘူး "
''ကဲပါ မဝလဲဖယ်ဦး ကောToiletသွားချင်နေပီ ပြီးရင်တခါတည်းရေချိုးလိုက်တော့မယ် ''
သူ့စကားက ဘာအံ့သြစရာရှိလို့လဲမသိ ရုတ်တရက် ဝမ်လေးရဲ့မှိတ်ထားတဲ့မျက်လုံးအစုံပွင့်သွားပြီး...
"အချိန်အလဟသတ်မဖြစ်အောင် ကိုယ်ပါတစ်ခါတည်းချိုးမယ် လာ.."
"ဟမ်...ဝမ်လေး မဟုတ်ဘူးလေ အဲ "
ပွေ့ချီပြီးရေချိုးခန်းထဲခေါ်ဝင်သွားတဲ့ရိပေါ်ကိုပြောမရမှန်းသိ၍ ရှောင်ကျန့်လွှတ်ထားလိုက်တော့သည်...
အချိန်ကုန်သက်သာလားတော့မသိဘူး ရှောင်ကျန့်အတွက် မောပန်းခြင်းတွေနဲ့အတူစီမျောနေတဲ့ရင်ခုန်ခြင်းတွေကြား သာယာခြင်းအပြည့်မနက်ခင်းလေးက ကြည်နူးစရာကောင်းတာတော့အမှန်ပင်....
အကြောင်းပြချက်ကတော့ ဒီနေ့Dateရမှာမို့လိုပျော်လို့တဲ့လေ..
ရှောင်ကျန့်နဲ့ရိပေါ် ပြင်ဆင်ပြီး ဖွားနဲ့မားကိုနှုတ်ဆက်ဖို့အိမ်ကြီးဆီကိုအရင်ဝင်လိုက်တော့ ၂ယောက်လုံးထမင်းစားခန်းထဲမှာ မနက်စားနေကြသည်...
"မောနင်း ဖွား မောနင်းမာမား "
"မောနင်း ကျန့်ကျန့် ရိပေါ်.... ပြင်ဆင်ပြီးဘယ်သွားကြမလို့လဲ "
"အလုပ်ပိတ်ရက်လေး ကျန့်ကောကိုတနေရာပို့မလို့ "
"ဟင်း... အမောင်ရိပေါ် သူ့လူကျတော့ သိတတ်နေလိုက်တာနော် "
"ညည်းကလေ ကလေးတွေနဲ့ညည်းနဲ့တူမလားအေ. ဖြစ်နိုင်တာမပြောဘူး ငါ့မြေးတွေရန်မဖြစ်ရင်ပဲကျေးဇူးတင်စမ်းပါအေ.."
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉