Unicode
ဒီနေ့ကရှောင်ကျန့်ရဲ့..၁၈နှစ်ပြည့်မွေးနေ့
အိမ်ကြီးမှာပဲ မွေးနေ့ပွဲကိုခမ်းခမ်းနားနားကျင်းပပေးသည်။ ရှောင်ကျန့်ရဲ့အတန်းဖော်တွေနဲ့ မာမားပါပါးရဲ့မိတ်ဆွေအချို့ကိုသာဖိတ်ကြားထားသည်။
ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း ပါပါးမိတ်ဆွေတစ်ယောက်က သူ့သမီးဆိုသူနဲ့မိတ်ဆက်ပေးတော့သည်။
ရှောင်ကျန့်နဲ့ရွယ်တူဖြစ်ပြီး ကျောင်းတော့မတူပေ...
အပြန်လှန်မိတ်ဆက်ကြရင်း သူငယ်ချင်းအဖြစ်သွားခဲ့သည်။ထိုကောင်မလေးနဲ့စကားပြောရင်း ရယ်မောနေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ဘာကြောင့်မှန်းမသိ ရိပေါ်စိတ်တိုနေမိသည်။
*ပြောနေတဲ့စကားတွေထဲ အာ့လောက်ရယ်ရတာ ပါလို့လား ရှောင်ကျန့်*
ရိပေါ်စိတ်ထဲရေရွတ်လိုက်မိသည်။သူအိမ်ရောက်စကတည်းက မားတို့ကကိုကိုခေါ်ခိုင်းပေမဲ့ သူမခေါ်ချင်ခဲ့ဘူး... ရှောင်ကျန့်သူ့ထက်ကြီးတာကိုသူမကြိုက်ဘူး ဘာကြောင့်ဆိုတာသူမသိခဲ့ဘူး အဲဒါကြောင့် မင်းနဲ့ငါပဲပြောခဲ့တာ...
အခုလဲ သူမသိတဲ့ခံစားချက်ဖြစ်နေပြန်ပြီ ရှောင်ကျန့်ကိုအဲကောင်မလေးနဲ့ စကားပြောတာသူမကြိုက်ပြန်ဘူး........
..............................
ရိပေါ်အလယ်တန်းစတက်ကတည်းက ကျောင်းမှာအချေမင်းသားအဖြစ်နာမည်ကြီးခဲ့သည်။ ဘယ်သူနဲ့မှစကားမပြောသလို အပေါင်းသင်းလဲမလုပ်...
အသွေးသား ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲစအချိန်ဖြစ်တာကြောင့် အားကစားလိုက်စားပြီး ကိုယ်ခံပညာပိုင်းကို သင်ယူခဲ့သည်။ သူတက်ချင်တဲ့သင်တန်းတိုင်းတက်ခွင့်ရခဲ့တာလဲ ကုသိုလ်ထူးတခုပင်...
ကြီးလာတာနဲ့ သိုသိပ်တာတွေ လျှို့ဝှက်တာတွေများလာခဲ့သည်။
................
ရိပေါ်တက္ကသိုလ်စတက်တဲ့အချိန်မှာ ရှောင်ကျန့်ကနိုင်ငံခြားမှာကျောင်းဆက်တက်မယ်လို့ပြောလာခဲ့သည်။
ဝမ်းနည်းသွားတဲ့ခံစားချက်ကလွဲပြီး ထွေထွေထူးထူးမခံစားရ၍ အမှုမဲ့အမှတ်မဲ့နေလိုက်သည်။ အကိုကအဝေးကိုသွားမှာ ညီကဝမ်းနည်းတာလို့ပဲ ရိပေါ်ထင်မှတ်ခဲ့သည်။
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉