Part-9

2.6K 171 7
                                    

Unicode
W Racing Club.
ရိပေါ် ရဲ့အသင်းသားတွေထဲကတချို့က အဝေးကဖြစ်တာကြောင့် အဆင်ပြေစေရန် အဆောက်အဦးကို၁ယောက်ခန်းတွေနဲ့အဆောင်ပုံစံဆောက်လုပ်ဖွဲ့စည်းခဲ့ပြီး အလုပ်လိုချင်သူများကိုလဲ Xz.Co မှာခန့်ထားပေးခဲ့သည်...

သူ့လူဆိုပြီးမစိစစ်ပဲ အလုပ်ပေးထားတဲ့သူ တစ်ယောက်မှမရှိ...သူ့နေရာနဲ့သူ သူ့အရည်အချင်းနဲ့သူ ခန့်ထားခဲ့တာပင် ထိုထဲတွင်သူ့လက်ထောက် ဖန်ရှင်းလဲပါသည်။

ဖန်ရှင်းက နဲနဲဝေးတဲ့နယ်မြို့လေးကနေ မိဘတွေမရှိတော့ပဲ အလုပ်လုပ်ဖို့ရောက်လာပြီး ရိပေါ်နဲ့မတော်တဆတွေ့ဆုံမှုကနေ ညီအကိုအရင်းပမာခင်မင်ရင်းနှီးသွားခဲ့ကြသည်....

ကုမ္ပဏီမှာအလုပ်ဝင်ရင်း ကျောင်းတက်တယ်...စာလဲတော်တယ် လျင်မြန်ဖြတ်လတ်တယ် ရိပေါ်သဘောအကျဆုံးက မဟုတ်ရင်မခံပဲ မတရားရင် သူဌေးလဲနားမလည်ဘူးပြန်ထောက်ပြနိုင်တဲ့ သတ္တိပင်....

လအနဲငယ်ကြာတော့ သူ့ဝါသနာလဲ ဆိုင်ကယ်စီးခြင်းဆိုတာသိခဲ့ရတာကြောင့် ကလပ်မှာနေစေခဲ့ပြီး အခုဆိုအဖွဲ့မှူးတစ်ယောက်ဖြစ်လို့နေပီ...

ဒီ W club မှာလဲ ရိပေါ်အတွက်သီးသန့်ခန်းရှိပြီး ဖန်ရှင်းသန့်ရှင်းရေးလုပ်တာကလွဲပြီး မည်သူမှဝင်ထွက်ခွင့်မရှိ....အကြောင်းရင်းကတော့ သူ့ရဲ့နှစ်လုံးသားနဲ့ဖွဲ့စည်းထားတဲ့အခန်းလေးနေဖြစ်လို့ပါပဲ....

ရှောင်ကျန့်သွားလာလှုပ်ရှားတဲ့ပုံတွေကို ဝင်ဝင်ခြင်းဘယ်ဘက်နံရံအပြည့်အသဲ ပုံဒီဇိုင်းဖော်ထားပြီး... ကုတင်ဘေးမှာတော့ ရှောင်ကျန့်၁၈နှစ်ပြည့်တုန်းကရိပေါ်နဲ့၂ယောက်ထဲ မာမားရိုက်ပေးထားတဲ့ပုံကို နံရံပြည့်ဆိုဒ်နဲ့ကပ်ထားသည်.....

ရှောင်ကျန့် အပေါ်ထားတဲ့စိတ်ကို ဖန်ရှင်းကလွဲပြီး ဘယ်သူမှမသိ...ဖန်ရှင်းကြောင့်လဲအခုလိုရှောင်ကျန့်ကိုပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်သည်...
*လူအရင်ယူပြီးမှ နှလုံးသားယူလဲ နောက်မကျပါဘူး*

ရိပေါ်မနက်အစောကြီးရောက်ချလာ၍ ဖန်ရှင်းအံ့သြကာ...
"အကိုရိပေါ် ဘယ်ကဘယ်လိုရောက်ချလာတာလဲ "

Game Of LifeWhere stories live. Discover now