12

2.4K 178 9
                                    

Unicode
"ဟား...ဟေ့ကောင် ရှောင်ကျန့် ဘယ်လိုဖြစ်လို့ပုလင်းလိုက်မော့နေတာလဲ ဒုက္ခပဲကွာ ယွိပင်းတားဦးလေ ဘာဖြစ်တာလဲဆိုတော့လဲမပြောဘူး..."

ခွက်နဲ့တစ်ခွက်ပြီးတစ်ခွက်သောက်တာ အားမရတဲ့အဆုံး ပုလင်းလိုက်ကောက်မော့တော့ ကျိုးချန်ရဲ့ဆူဆူပူပူအသံထွက်လို့လာသည်...ဒီလောက်အရည်တွေသောက်တာတောင် ရင်ထဲကအလုံးကြီးကကျမသွားဘူး....

"လွှတ်ထားလိုက်ပါကွာ သူပြောချင်တဲ့အချိန် တားလို့တောင်ရလို့ တာကျိုးသလို ဒလဟောလွှတ်တာသိသားနဲ့"

"ယွိပင်း...မင်းသိလား ဒီကောင်ကျိုးချန်လေ "

"အင်း ကျိုးချန်ဘာဖြစ်လဲ "

"အီး ဟီး....ကျိုးချန်ကယောကျ်ားချင်းကြိုက်နေတာတဲ့ ရွှတ်..."

ပြောလဲပြော ငိုလဲငို...အဲဒါပဲ သန်မာချင်တဲ့အယောင်ဆောင်ရှောင်ကျန့်ဆိုတာ အရက်မူးရင်အကုန်ပေါ်တာ တော်သေးတယ်တော်ရုံမမူးတတ်တဲ့သူမလို့ အခုတော်တော်ရေချိန်ကိုက်တဲ့သဘောပေါ့....

"သိတယ်လေ အဲဒါဘာဖြစ်လဲ "

"သိတယ် မင်းသိနေတယ်... မာမားရေ ယွိပင်းကသိနေတယ်တဲ့ ဟင့်ဟင့်.. သားကိုမပြောဘူး တော်ပီမင်းနဲ့စကားမပြောတော့ဘူး "

"ကျိုးချန်မင်းသိလား..."

"အမ်..ဘာကိုလဲ "

"အဲကောင်ယွိပင်းကလေ ငါ့ယောကျ်ားရဲ့လက်ထောက်ကိုကြိုက်နေတာတဲ့လေ "

"အေး...သိတယ်လေ "

ယွိပင်းရှောင်ကျန့်ရုံးခန်းဆီ ချောင်းပေါက်မတတ်လာတော့ မရရအောင်မေးရင်သိသွားခဲ့တာပင်...

"အီး...ဟီးဟီး မင်းလဲသိပြန်ပီလား ပါပါးရေ သားကိုမပြောကျဘူး မင်းကိုလဲစကားမပြောတော့ဘူး ဟင့်...ရွှတ်..."

"ဟာ..ရှောင်ကျန့် ငါတို့၃ယောက်စလုံး တစ်ယောက်အကြောင်းတစ်ယောက်ဖုံးကွယ်ထားတာမှမရှိတာ သိတာပေါ့ကွ "

"ဟင့်..ဟုတ်တယ်နော် "

ငိုနေရင်းကနေရုတ်တရက်ကြီး အသံတိတ်သွားကာ တည်ငြိမ်သွားတဲ့ရှောင်ကျန့်ကို ၂ယောက်သားဘာလုပ်မလဲစောင့်ကြည့်နေလိုက်သည်...

Game Of LifeWhere stories live. Discover now