Part-3

3.3K 245 5
                                    

Unicode
ရိပေါ် နှစ်ပတ်လည်ပွဲအတွက် စီစဥ်စရာများစီစဥ်ပြီး နေ့လည်စာစားဖို့ ကုမ္ပဏီရဲ့ကန်တင်းကိုထွက်လာခဲ့လိုက်သည်။

သူဒီကုမ္ပဏီကို စဝင်တော့ ရှယ်ယာရှင်အချို့နဲ့ အဖွဲ့မှူးတွေရဲ့ အမြင်မကြည်စောင်းမြောင်းမှုတွေကိုခံခဲ့ရသည်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ project တခုအောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပြီးနောက်မှ လက်ခံကြိုဆိုပေးခဲ့ကြခြင်းပင်။

အလုပ်စဝင်တဲ့နေ့မှစပြီး ကပ်သင့်သူကပ် သင်ယူသင့်တာသင်ယူ သင်ပြသင့်တာသင်ပြပေးနိုင်တဲ့သူ့ကို ဝန်ထမ်းများချစ်ခင်နှစ်သက်ကြသည်။ ဒါရိုက်တာနဲ့အလုပ်သမားဆိုပီးမခွဲခြားပဲ အချင်းချင်းရိုင်းပင်းကူညီဖေးမရင်း မိသားစုသဖွယ်ဖြစ်နေတော့သည်။

"ဒါရိုက်တာဝမ်... ဒါရိုက်တာဝမ် "

"ဟမ် အော့.. မမမေအော် ထမင်းစားမို့လား ထိုင်လေတူတူစားကြတာပေါ့ "

မမမေအော်က ဒုတိယရှယ်ယာရှင်ရဲ့သမီး အင်ဂျင်နီယာအဖွဲ့ရဲ့ ခေါင်းဆောင်. သူကရှောင်ကျန့်နဲ့မှရွယ်တူလောက်ပဲရှိမည် ကျောင်းပီးတော့ဒီကုမ္ပဏီမှာအလုပ်ဝင်နေခြင်းပင်..

"ဘာတွေတွေးနေတာလဲ ခေါ်နေတာကြာပီ"

"ဒီလိုပါပဲ အလုပ်ကိစ္စပေါ့ "

"ဒါနဲ့ ရှောင်ကျန့်ပြန်ရောက်နေတယ်ကြားတယ် "

"ဟုတ်တယ် မနေ့က "

"ဒါဆို သူဌေးတို့ကိစ္စကို.. "

"အင်း ညကရုဏ်းရင်းဆန်ခတ်ဖြစ်သွားပေမဲ့ ဒီမနက်တော့အခြေနေကောင်းပါတယ် "

"အင်း.. သူဌေးနဲ့အားရီရဲ့ အကြောင်းတွေကို သိသွားရင်တော့ နားလည်သွားမှာပါ အခုတော့သွေးပူတုန်လေ"

"အင်း "

*ညနေအိမ်ပြန်ရောက်ရင်တော့ ရှောင်ကျန့်နဲ့စကားပြောကြည့်ရဦးမယ်....*

...............................

တီ...တီ....

"ရှောင်ကျန့်ရေ...."

ယွီပင်းနဲ့ကျိုးချန်ကအရင်အတိုင်းပဲ ရောက်ရင်ကားဟွမ်းတီးပြီး ရှောင်ကျန့်ကိုခေါ်လိုက်ရမှ...သူကလဲထုံးစံအတိုင်း အပြင်ထွက်မကြို အခန်းထဲကနေပဲစောင့်သည်။
*မင်းတို့ကဘာမို့လို့ ငါကထွက်ကြိုရမှာလဲ ငါ့အိမ်လာရင် ငါ့အခန်းထဲထိရောက်အောင်လာခဲ့*ဟုပြောဆိုထားခဲ့ပေမဲ့ ထုံးစံကပျက်သွားပေ...

Game Of LifeWhere stories live. Discover now