17

1.9K 141 5
                                    

Unicode
...တီ...

"အကိုရိပေါ်...ကောင်မလေးတစ်ယောက် တွေ့ခွင့်တောင်းနေတယ် ချင်းချင်းတဲ့ "

ဖန်ရှင်းအသံကြောင့် ရိပေါ်နဲ့ရှောင်ကျန့် အကြည့်ချင်းဆုံမိသွားသည်...

"အော်..ဝင်ခိုင်းလိုက် "

"ရိပေါ်ကောကော ရှောင်ကောကော"

"ချင်းချင်း ဘယ်လိုလုပ်ရောက်လာတာလဲ "

ရှောင်ကျန့်ကသူ့စားပွဲကနေထလာပြီး ဖန်ရှင်းကိုအအေးယူခဲ့ပေးရန်ပြောရင်း ဧည့်သည်တွေ့ဆုံတဲ့ဆိုဖာပေါ်ထိုင်ဖို့ညွှန်ပြပေးလိုက်သည်..

"ချင်းချင်းမော်ဒယ်သင်တန်းတက်မလို့ စုံစမ်းရင်း လမ်းသင့်လို့ဝင်လာတာ "

"ထမင်းစားချိန်တောင်ရောက်ပီပဲ ကျန့်ကောနေ့လည်စာ သွားစားလိုက်ရအောင်လေ ''

"အင်း ကောင်းသားပဲ ချင်းချင်းလဲလိုက်ခဲ့လေ"

"ရိပေါ်ကောကော ကကျွေးချင်ပါ့မလား"

"လိုက်ခဲ့ပါ"

"ဟိဟိ ဟုတ် "

၃ယောက်သား ကုမ္ပဏီကန်တင်းကိုထွက်လာလိုက်ကြသည်...

ကန်တင်းရောက်တော့ မမမေအော်ကမြင်ပြီးလှမ်းခေါ်သည်မို့သွားလိုက်ပြီး ရိပေါ်နဲ့ရှောင်ကျန့်ကတစ်ဖက် မေအော်နဲ့ချင်းချင်းကတဖက် မျက်နှာချင်းဆိုင်ထိုင်စားဖြစ်သည်...

"မမမေအော် ဒါကချင်းချင်းတဲ့ ကျွန်တော်တို့တစ်အိမ်လုံးရဲ့ ဧည့်သည်ဆိုပါတော့ "

ရှောင်ကျန့်ကမိတ်ဆက်ပေးတော့ မေအော်ထိုကောင်မလေးကိုကြည့်ပြီး ပြုံးပြလိုက်ကာ..
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ကဲ့ မမ ရိပေါ်ကောကောတို့ကိုခင်သလို ချင်းချင်းကိုလဲခင်ပေးပါနော် "

"ဟမ်...အော့..."

"ကျန့်ကော ကိုယ်စားဖို့သွားယူလိုက်ဦးမယ်နေခဲ့ဦးနော် "

"အင်း "
ရိပေါ်တို့၂ယောက်ဒီမှာလာစားဖြစ်ရင် အမြဲလိုလိုရိပေါ်ကယူပေးနေကြပင်...

"ရိပေါ်ကောကော ချင်းချင်းလိုက်ခဲ့မယ် "

"အင်း "

Game Of LifeWhere stories live. Discover now