13

2.5K 175 2
                                    

Unicode
ရိပေါ်ကတော့ လီလီနဲ့နေခဲ့ဦးမယ်ဆို၍ ရှောင်ကျန့်တစ်ယောက်ထဲအခန်းကိုပြန်လာခဲ့လိုက်သည်...

"ပြောစရာတွေအရမ်းများနေတယ်ထင်တယ်..ဟင့် အခန်းထဲထိခေါ်မလာတာပဲကျေးဇူးတင်ရမယ် "

သူတို့၂ယောက်အခန်းက ၈ထပ်မှာဖြစ်၍ ရှောင်ကျန့် liftထဲဝင်ပြီး ၈လွှာကိုနှိပ်လိုက်သည်...

ထိုစဥ်....
"Please Wait..."

ရှောင်ကျန့် တံခါးကိုလက်နဲ့တားပြီး စောင့်ပေးလိုက်တော့ သက်လတ်ပိုင်းအကိုကြီးတယောက်နဲ့ သူထက်နဲနဲပဲကြီးလောက်မဲ့ ကောင်လေးတစ်ယောက် ပီးတော့ ကလေးလေးတစ်ယောက်....

"Thank You "

ရှောင်ကျန့်ခေါင်းငြိမ့်ပြီးသာအသိမှတ်ပြုလိုက်သည်...
(ခုနောက်ပိုင်းအရေးသားတွေကို Englishလိုပြောတယ်လို့မှတ်ပေးပါ)
"ဒယ်ဒီ. ဒယ်ဒီZက သားကိုစက်ရုပ်လေးမဝယ်ပေးဘူး "

what! ဒယ်ဒီ ဒယ်ဒီ ဘာလဲဟဒီ၃ယောက်က...

"Z သားကဘာစက်ရုပ်လိုချင်တာလဲ "

"Joe တော်ပြီ သားလိုချင်လဲဝယ်မပေးနိုင်ဘူး မင်းသားကသူဆော့တာနဲနဲ ဖျက်စီးပစ်တာများများ "

"Zရာ သားက "

"No..ငါထပ်မပြောဘူး"

"Ok fine... သားရေ မင်းဒယ်ဒီZကမဝယ်ရဘူးတဲ့ သားသိတဲ့အတိုင်းပဲ ဒယ်ဒီမှာလဲ  ပိုက်ပိုက်မရှိဘူးအဲတော့ နောက်မှယူတော့နော် "

ရှောင်ကျန့်စိတ်ဝင်စားသွားမိသည်...စကားအသွားလာအရ တစ်ခုခုပဲမဟုတ်လား ရှောင်ကျန့်စကားစကြည့်ဖို့ပြင်လိုက်ပြီ...

"Hi..."

"oh..Hi ဆောရီး ဗျာ ကျွန်တော်တို့အသံတွေကျယ်သွားတယ်ထင်တယ် "

"မဟုတ်ပါဘူး ရပါတယ် ကျွန်တော်သိချင်တာလေးရှိလို့ပါ "

Life တံခါးပွင့်သွားတာကြောင့် ရှောင်ကျန့်စကားပြတ်သွားပေမဲ့ ထို၃ယောက်နဲ့တစ်ထပ်ထဲမို့ စကားဆက်လိုက်တော့သည်...
"ခများတို့၂ယောက်က ယူထားတာလား "

အသက်ငယ်တဲ့ကောင်လေးက မျက်နှာအနည်းငယ်ပျက်သွားခဲ့သည်မို့ ရှောင်ကျန့်တောင်းပန်လိုက်ကာ..

Game Of LifeWhere stories live. Discover now