20

2K 132 5
                                    

Unicode
ရှောင်ကျန့်နဲ့ရိပေါ် အတူရှိနေတဲ့နေ့ရက်တိုင်းက ပျော်ရွှင်စရာတွေနဲ့ပင်...

မနက်မိုးလင်း မျက်လုံးဖွင့်လိုက်တာနဲ့ မြင်ရတဲ့မျက်နှာလေး....

မောနင်းဆိုပြီး အနမ်းတွေပေးပြီးမှနိုးထရတဲ့ မနက်ခင်းလေးတွေ....

ညဆိုလဲမျက်လွှာမပိတ်ခင်အထိမြင်ရတဲ့မျက်နှာလေး...

ဂွတ်နိုက်ဆိုပြီး အနမ်းတွေပေးပြီးမှအိပ်စက်ရတဲ့ညတွေ...

အခုတော့သူမြင်နေကျမျက်နှာလေးအစား.ခေါင်းအုံးလေးတစ်ခုသာ...

ထိုခေါင်းအုံးလေးကိုပွေ့ဖက်ရင်း နမ်းရှိုက်လိုက်တော့ သူ့ရဲ့ကိုယ်သင်းရနံ့လေး စွဲလို့နေသေးသည်...

လေးလံတဲ့ခြေလက်တွေနဲ့ ရေချိုးခန်းထဲဝင်တာ ရေပန်းဖွင့်ချလိုက်တော့...စီးကျလာတဲ့ရေအေးစိမ့်စိမ့်တွေက တစ်ကိုယ်လုံးစိုရွှဲလို့သွားကာ ခန္ဓာကိုယ်ကိုအေးမြသွားစေသည်...သို့သော် သူ့ရင်ကတော့ ပူနေမြဲ....

"ကျန့်ကော ခွဲရတာ၂ရက်နဲ့၆နာရီရှိပြီ အရမ်းလွမ်းတာပဲ "

ရှောင်ပါးကအလုပ်ကိစ္စနဲ့ဂျပန်သွားတာ ရှောင်ကျန့်ကိုခေါ်သွားတာကြောင့် ရိပေါ်တစ်ယောက် ဂဏာမငြိမ်ဖြစ်နေခြင်းပင်....

ပိတ်ရက်ဖြစ်နေတော့ လွမ်းစိတ်ကပိုလို့ပင်တိုးလာသည်...

ဒေါက် ဒေါက်...
"သား ရိပေါ်လေး "

"လာပီ မား.."
ရိပေါ်အင်္ကျီဝတ်နေတုန်း မားခေါ်သံကြား၍ တံခါးဖွင့်ပေးလိုက်တော့သည်။

"အရေးကြီးကိစ္စရှိလို့လား မား"

"ဟုတ်တယ်သား ချင်းချင်းလေ ကူးစူးကသူ့အဖေကားနဲ့တိုက်မိသလိုဖြစ်ပြီး ဆေးရုံတင်ထားရတယ်တဲ့"

"......."

"အဲဒါ သားအဆင်ပြေရင် ချင်းချင်းကို
ကူးစူးပြန်ပို့ပေးလို့ရမလား "

"ရတယ် မား ခဏနေသွားကြမယ်လို့ပြောပေးနော် ကျွန်တော် အသင့်ပြင်ထားလိုက်မယ် ''
ရိပေါ်လဲ လူသားတစ်ယောက်ပဲလေ ဖခင်စိတ်နဲ့ ချင်းချင်းပူပန်နေမှာအသေချာပဲမလား သူမငြင်းသင့်ဘူးလေ....

Game Of LifeWhere stories live. Discover now