Part- 7

2.7K 198 6
                                    

Unicode
ဖွားရဲ့စီစဥ်မှုကြောင့် ရိပေါ်နဲ့ရှောင်ကျန့် ၁လအတွင်းလက်ထပ်ဖို့ဖြစ်လာခဲ့ပြီး ပါးရဲ့ကိစ္စလဲသာမန်လိုပင် စိတ်ဝင်စားမှုနဲပါးသွားခဲ့ပြီ...

စီးပွားရေးအသိုင်းဝိုင်းမှာရော လူတွေပါးစပ်ဖျားမှာရော မီဒီယာလောကမှာရော သူတို့၂ဦးရဲ့လက်ထပ်ပွဲက ရေပန်းအစားဆုံးဖြစ်၍နေသည်။

အဖြူရောင်အနောက်တိုင်းဆင်တူဝတ်စုံလေးက နားနေခန်းထဲမှာ ဝင့်ထည်စွာ ပိုင်ရှင်ကိုစောင့်မျှော်လျက်...

ယောကျာ်းလေးတွေဖြစ်ပြီး ၂ဦးလုံးကပင်ကိုယ်ရုပ်ရည်က နတ်သက်ကြွေသည့်အလား ချောမောလွန်းတာကြောင့် အချိန်အများကြီးမယူပဲ အတန်အသင့်ပဲပြင်ဆင်လိုက်သည်။

ခန်းမတစ်ခုလုံး လူစုံနေပြီဖြစ်ပြီး မင်္ဂလာအချိန်ကျပြီမို့ ရှောင်ကျန့်နဲ့ရိပေါ် ခန်းမတံခါးဝမှာ အသင့်စောင့်နေလိုက်သည်။

"ဝမ်ရိပေါ်... မင်းနဲ့ငါတကယ်ကြီးလက်ထပ်ရတော့မှာပေါ့"

"အလကားလက်ထပ်တယိထင်လို့လား"

"ကျစ်...မင်းကပ်သီးကပ်သပ် မပြောနဲ့ "

"စတာပါ မင်းစိတ်လှုပ်ရှားနေတယ်မလား ငါ လာလက်ကိုကိုင်ထားလိုက် "

ရှောင်ကျန့်ခံစားချက်က ဂျွမ်းတွေပစ်ကုန်ပီ...
*ဘာလဲဟ ဒီလိုပုံကြီးက သူ့လက်ကိုငါကိုင်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲ ငါကသူ့လက်ကိုကိုင်ရမှာလား အာ့လိုရလား *

ထိုအချိန်ခန်းမတံခါးပွင့်သွားတာကြောင့် ငေးနေတဲ့ရှောင်ကျန့်လက်ကို ရိပေါ်ဆုပ်ကိုင်ကာ ဧည့်သည်တွေရဲ့အလည် ပန်းတွေကြဲထားတဲ့အနီရောင်ကော်ဇော်ကြီးပေါ် လျှောက်လှမ်းလိုက်တော့သည်....

ရိပေါ်လက်ကိုငေးရင်း အတွေးများနေတဲ့ရှောင်ကျန့် ရုတ်တရက်ကြီးလက်ဆွဲခေါ်တာခံလိုက်ရသည့် နွေးထွေးတဲ့လက်လေးကြောင့် ရင်ခုန်နှုန်းတွေ အဆမတန်မြှင့်တက်သွားတော့သည်.....

မိဘတွေနဲ့ဧည့်သည်တွေ ရှေ့မှာကတိစကားတွေ သက်သေပြုပြီး မင်္ဂလာလက်စွပ်ဖြင့် အပြန်အလှန်ချုပ်နှောင်လိုက်ကြသည်....

Game Of LifeWhere stories live. Discover now