Part 1

28.2K 806 54
                                    


လခြမ်းပဲ့

05110748

#လခြမ်းပဲ့

အပိုင်း (၁)

"မမဆုရေ....ဘာလုပ်စားဖို့ အစီအစဉ် ရှိလဲ...သမီးတို့ကတော့ ပါဝင်အားဖြည့်ဖို့ အဆင်သင့်ပဲနော်..."

"ရှားရှားပါးပါး နားရက်ရတာ...ကိုယ်ကြိုက်တာလေး ဝယ်စားကြတော့ မကောင်းဘူးလား..."

'အမလေး...နည်းနည်းမှမကောင်းပါဘူး..ဟိုတစ်ခါ အသုပ်စုံလေး စုစားမိတာနဲ့တင် မှတ်သွားပါပြီ..မဆုရယ်...မှားခဲ့သမျှ ခွင့်လွှတ်ကြေအေးပါတော့နော် ...'

"ဟဲ့...ခင်ခင်...နင့်မမဆု တစ်ခုခု ချက်မယ်ပြောတယ်မလား....ငါတို့ အတွက်ပါ ထည့်ချက်ခိုင်းနေ်ာ...သိလား..သိလား...သေချာ မှာခဲ့တာနော်....'

ဆုကို ‌ပြောသော်လည်း အလုပ်ကိုသာ အာရုံစိုက်နေတာကြောင့် ညီမ တစ်ဝမ်းကွဲကို အပူကပ်ကြပြန်သည်။

ခင်ခင့်ခမျာ နှုတ်နည်းပြီး အားနာတက်တာကြောင့် ဆု့ဆီကို ပြူးကြောင်ကြောင်လေး တစ်ချက် လှမ်းကြည့်သည်။

"ခင်ခင့်ကိုတော့ အကြပ်မကိုင်ကြပါနဲ့ဟယ်...တကယ်ပဲ ဘာမှ ချက်ဖို့ အစီအစဉ် မရှိတာပါ...တို့ညီအစ်မ နှစ်ယောက် အသုံးအဆောင်လေး နည်းနည်း သွားဝယ်ဖို့ ရှိလို့ပါ....'

"ဟယ်..ဟုတ်လား...ဒါဖြင့် သမီးတို့က ငတ်ပြီပေါ့..."

"နောက်တစ်ခေါက်မှပေါ့...စားချင်တာရှိရင် ပြောလေ...အဆောင်ရှေ့မှာ  အိုးလေးချရောင်းရင် တခြားအဆောင်တွေကလည်း လာဝယ်တော့ ဘာလေး ဖြစ်ဖြစ် ရောင်းရပါတယ်...စားချင်တဲ့ မုန့်သာပြော...ခုတော့ တကယ် မအားသေးလို့ပါ...အဟင်း..."

"အင်းပါ...သမီးတို့က မမဆု လက်ရာကို ပိုကြိုက်လို့ပါ...အပြင်မှာ လမ်းကြုံရင်တောင် မမဆုလက်ရာမှ ခံတွင်းလိုက်နေတာ...."

"ညီမတွေ စားချင်ရင် ချက် ရောင်းပြီနော်..အားပေးရမယ်နော်....'

"ဟုတ်...ဟုတ်...ချက်တဲ့နေ့ကျ ပြောလေ...."

ခြောက်ပေ အခန်းကျဉ်းလေးထဲကနေ တန်းစီ၍ ထွက်သွားတော့မှ ဆု နှုတ်ခမ်းတွေက နားလည်ခွင့်လွှတ်စိတ်ဖြင့် ပြုံးလိုက်မိသည်။

လခြမ်းပဲ့Where stories live. Discover now