လခြမ်းပဲ့
အပိုင်း (၁၆)
#လခြမ်းပဲ့
05260526
"ခင်ခင်နဲ့ ကောင်းမြတ်သူက ဘာတွေတုန်း."
ဆု ရင်ထဲ ဒိန်းခနဲ့ ဖြစ်သွားသည်။
"ဘာရမှာလဲ..ဒီတိုင်းပါပဲ..."
"ဒီတိုင်းဆို အကြောင်းမဟုတ်ဘူး..ကောင်းမြတ်သူက လူအေး တစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်..ခင်ခင်ကလည်း ခုတလော စပ်စလူးထနေတာလေ.."
"မင်းကလည်းကွာ..."
အစ်မတို့ လင်မယားက ရှေ့ခန်းမှာ ပြောဆိုနေပေမဲ့လည်း ဆု နေရခက်လာသည်။
အစ်မ အနောက်ဘက်က ခုံမှာ ထိုင်နေလို့ ကွယ်နေသော်လည်း မတ်မတ်မထိုင်ရဲပါဘူး..။
လူကော စိတ်ကော ပင်ပန်းဆင်းရဲနေတဲ့ ဒီနှစ်ရက်အကြောင်း ဆု မတွေးချင်တော့ပါ..။
ဘာတွေကြောင့် ဘဝက ရုတ်တရက်ပြောင်းလဲသွားတယ်ဆိုတာလည်း ဆု မစဉ်းစားနိုင်ပါ..။
သူက ခင်ခင့်ကို သဘောကျပြီး ခင်ခင့်နဲ့ နီးစပ်ဖို့ ကြိုးစားနေတယ်လို့သာ ယူဆထားမိတာပါ..။
သူ ရောက်လာကတည်းက ဆု့ကို စိတ်နာပြီး ပြဿနာတွေ ရှာလိမ့်မည်..။
ဒုက္ခတွေ ပေးလိမ့်မည်လို့ တွေးထားပြီးသားပါ။
ဒီအတွက်လည်း ဆု သည်းခံဖို့သာ ဆုံးဖြတ်ထားခဲ့ပါသည်။
အခုကျတော့ ဆု တွေးထားသလို တစ်ခုမှ ဖြစ်မလာပါ..။
သူ့လိုလူက ဆု့ကို မနာကြည်းဘူး မမုန်းဘူး ကလဲ့စားမချေဘူးဆိုတာ မယုံနိုင်စရာပါ။
ဆု့လက်ကို ဖွဖွ ဆုပ်ကိုင်ပြီး စကားပြောလိုက်တဲ့ ဘွားရဲ့ စကားသံတွေကြားယောင်ရင်း ငိုချင်လာပြန်သည်။
"ဆု နဲ့ ကောင်းမြတ်သူကကော သိတာကြာပြီလား."
"ရှင်."
ဆု ရင်ခုန်နှုန်းမြန်လာကာ တံထွေးတစ်ချက်မြိုချရင်း စကားပြောဖို့ အားယူထားရသည်။
"သူငယ်ချင်းတွေဆိုတော့လေ..ကောင်းမြတ်သူကလည်း ဆု့ကို ရင်းနှီးသလိုပဲ."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...