လခြမ်းပဲ့
အပိုင်း (၁၃)
#လခြမ်းပဲ့
05271149
(စာအဆိပ်မို့ စိတ်အဆင်မပြေသူ စိတ်ဒဏ်ရာရှိဖူးသူများ မဖတ်စေချင်ပါဘူးနော်... နောက်တစ်ပိုင်းမှ ဖတ်ပါနော်...အမျိုးသမီး တိုင်းကို ပျော်ရွှင်စေချင်ပါတယ်...)
"မမဆု ကို ခင်ခင် ပြောစရာ ရှိလို့."
"ဟင်..အင်း..ခဏလေးနော်..ခင်ခင်..."
လခ ထုတ်ရက်လည်း နီးလာတော့ ငါးခြောက်ကြော်နဲ့ ပုစွန်ခြောက်ကြော် ဘူးလေးတွေ ထပ်လုပ်ဖြစ်သည်။
အဆောင်မှာရှိတဲ့လူတွေ လေးငါးဆယ်ယောက်လောက် ဝယ်ရင်လည်း မနည်းပါဘူး..။
ပလတ်စတစ် ဘူးလေးကို အဖုံးလုံအောင် သေချာ ပိတ်ပြီးမှ ဘေးမှာ ကပ်ထားလိုက်သည်။
"ပြောလေ..ခင်ခင်..."
"ဒီမှာ မပြောချင်ဘူး..'
ခင်ခင်က ဘေးနံရံကို ကြည့်ပြီး ပြောလိုက်တော့ ဆု သဘောပေါက်ပါသည်။
ဘယ်လိုပဲ ခေတ်တွေ ပြောင်းပါစေ သူများကိစ္စကို အချိန်ပေး စပ်စုတက်တဲ့အမျိုးသမီးမျိုးက သပ်သပ်ရှိနေသေးသည်။
"မမဆု ဈေးမသွားဘူးလား."
"ညနေဘက် ဈေးမသွားဖြစ်ဘူးလေ....ကြာပြီ..."
"ဪ..ဒါဆို..လမ်းထိပ်က မုန့်ဆိုင်ပဲ သွားကြမယ်."
"အင်း."
ဆု ခေါင်းညိတ်လက်ခံလိုက်မိသော်လည်း ဒီနေ့ပုံမှန်အလုပ်တွေ အပြင် ကြော်တာလှော်တာနဲ့ ပင်ပန်းထားလို့ ထိုင်ပဲ နေချင်တာပါ..။
ပိုက်ဆံတစ်ထောင်တန် နှစ်ရွက်ယူပြီး အိတ်ကပ်ထဲထည့်လိုက်ကာ ထိုင်နေရာက ထလိုက်သည်။
ခင်ခင်ကတော့ ခေါင်းဖြီးပြီး မျက်နှာကို ပေါင်ဒါ နည်းနည်း ရိုက်သေးသည်။
နှုတ်ခမ်းနီ ဆိုးပြီး နုတ်ခမ်းနှစ်လွှာကို အဖွင့်အပိတ်လုပ်ရင်း ထိုင်ရာက ထလာသည်။
ဖိနပ် အသစ်ထုတ်ပြီး ပိုက်ဆံအိတ်လွယ်ကာ အခန်းထဲက ထွက်တော့ လက်အားနေတဲ့ ဆုပဲ သော့ပိတ်ပေးလိုက်သည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...