လခြမ်းပဲ့
အပိုင်း(၁၅)
#လခြမ်းပဲ့
05270222
"ဒေါက်..ဒေါက်..."
အခန်းတံခါးကို လာဖွင့်ပေးတဲ့ သူနဲ့ မျက်လုံးချင်းဆုံတာနဲ့ ငိုနေပြီမှန်း သိသာသည်။
"ဘာလဲ."
"လာခဲ့."
"ဘာလဲလို့."
သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင် ဆွဲခေါ်ပြီး ကောင်းမြတ် ယူထားတဲ့ ဘေးအခန်း တံခါးကို သော့ဖွင့်ကာ ဆွဲသွင်းလိုက်ရသည်။
"ခေါင်းထိလို့ဆို"
"ဘာမှ မဖြစ်ဘူး."
သူနဲ့ ပြန်တွေ့ချိန်တွေမှာ သူ့ဆံပင်တွေ ဖြန့်ချထားတာကို မြင်ရတဲ့ ရှားရှားပါးပါး မြင်ကွင်း တစ်ခုပါပဲ..။
လက်ကို လွှတ်မပေးပဲ ရှေ့ကို တိုးပြီး ခေါင်းကို ဆွဲချကာ အနောက်ကို ကြည့်လိုက်သည်။
ခေါင်းနောက်မှာ ရေစိုနေသလို ရှိတဲ့ နေရာကို လက်ညိုးနဲ့ ဖယ်ကြည့်လိုက်တော့ လက်သည်းခွံတစ်ဝက်စာလောက် အရေပြားလန်သွားသည်။
ကောင်းမြတ် အခန်းထဲက ထွက်ကာ ဆေးဝယ်ဖို့ နီးစပ်ရာ ဆေးဆိုင်ကိုပဲ လမ်းလျှောက်သွားလိုက်သည်။
အနာကျက်ဆေးနဲ့ အနာဆေးရည် ပလတ်စတာတွေ ဝယ်ပြီး ပြန်ရောက်တဲ့ အထိ မတ်တတ်ရပ်လျက်ပါပဲ..။
"ထိုင်."
"........"
"မထိုင်ရင် ငါ ဖက်ချုပ်ပြီး ဆေးထည့်မှာနော်."
ကောင်းမြတ် ခြိမ်းခြောက်လိုက်တော့မှာသာ ခုတင် အစွန်းမှာ ထိုင်ချတော့သည်။
ခေါင်းထိပ်ကို ဆွဲဖိပြီး အနောက်က ဆံပင်တွေကို လက်ညိုးနဲ့ ရှင်းဖယ်ကာ ဂွမ်းစနဲ့ တို့သုတ်တော့ သွေးနည်းနည်းပါသေးသည်။
သွေးကုန်တဲ့အထိ သုတ်ပြီးမှ အနာဆေးရည်နဲ့ ဆေးပြီး အနာကျက်ဆေး လိမ်းပေးလိုက်သည်။
"ကတ်ကြေးရှိလား."
"ဟင်..ဘာဖြစ်လို့လဲ."
အလန့်တကြားနဲ့ အသံထွက်၍ မေးလာတော့ ပြုံးမိသွားသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...