လခြမ်းပဲ့
အပိုင်း (၂)
#လခြမ်းပဲ့
05140740
"မမဆုရေ...အစ်မ ခေါ်နေတယ်..."
"လာပြီ..."
ဆု လက်ထဲက အဝတ်ကို ချုပ်ကြောင်း ပြီးအောင် ချုပ်လိုက်ပြီးမှ စက်ကို ခလုတ်ပိတ်လိုက်သည်။
အလုပ်ရုံထဲက ထွက်ပြီး နေပူပူကို ဖြတ်ကျော်ကာ အိမ်နေရာဆီကို ရောက်သွားတော့ အိမ်ရှေ့စားပွဲမှာ လူသုံးလေးယောက်လည်း ရှိနေသည်။
"ဆုရေ..လာ..."
အပြုံးတစ်ခု နဲ့ ခေါင်းညိတ်ပြီး ခါးကို ညွှတ်၍ အိမ်ပေါ်ကို တက်သွားလိုက်သည်။
လူစိမ်း သုံးလေးယောက်ရဲ့ အကြည့်တွေ ရောက်လာသော်လည်း ဆု ကတော့ သေချာတောင် မကြည့်ဖြစ်ပါဘူး..။
"အလုပ်ရုံကို မိုးမဝင်ခင် ပြင်မလို့ ဆုရေ...."
"ဪ...ဟုတ်ကဲ့...အမိုးတွေလည်း မကောင်းတော့ဘူးနော်...စက်တွေရေစိုကုန်ရင် ခက်မယ်..."
"အဲဒါပြောတာပေါ့...နင့်အစ်ကို က ဒီပုံအတိုင်းပဲ လုပ်ချင်နေတာ...ငါကတော့ အခိုင်အမာ ဆောက်လိုက်ချင်တယ်...အလုပ်အတွက်လည်း လိုအပ်တယ်...မသုံးလည်း အဆောင်ပုံစံ ငှားလို့ရအောင် တိုက်ခံနဲ့ပဲ လုပ်လိုက်မယ်...."
"ဟုတ် "
"အင်း...ပြောင်းကြရွေ့ကြရင် အလုပ်က ပျက်ဦးမယ်..ရှယ်ယာပါထားတဲ့ လူနဲ့ တိုင်ပင်တော့ သူကတော့ အဆောက်အဦး ဆောက်တဲ့ကိစ္စမှာ ပြီးတဲ့အထိ တာဝန်ယူပေးမယ် ပြောတယ်...သူကလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တော်တော် ပေါက်ရောက်ပြီး တော်တဲ့ ထက်တဲ့လူလေ..."
"ဟုတ်ကဲ့..."
ဆု့ကို တစ်ခုခု ခိုင်းဖို့ ဆိုတာ သိနေသော်လည်း အရေးတယူ ရှင်းပြပေးနေတာကိုပဲ အာရုံစိုက်၍ နားထောင်နေလိုက်ပါသည်..။
"သူ့ဝန်ထမ်းတွေ သူ့ဟာသူ ခေါ်ခဲ့ပြီး နေ့ဆိုင်း ညဆိုင်းနဲ့ လုပ်မယ်လို့ပြောတယ်...အဲဒါကြောင့် ဆုကို ခေါ်လိုက်တာပဲ...အလုပ်သမားတွေ အတွက် စားရေး သောက်ရေးကတော့ ဆု ကူမှပဲ ရမှာလေ..အစ်မက စက်တွေ ပြောင်းဖို့ ရွေ့ဖို့ အထိုင်ကျဖို့ အလုပ်များဦးမှာဆိုတော့ ဧည့်သည်ဧည့်ခံဖို့ ဧည့်ဝတ်ပြုဖို့က အချိန်မရှိဘူး..ဟိုဘက်လမ်းက ဂိုဒေါင်ဟောင်းမှာ အလုပ်ကို ခဏရွေ့ထားရမှာဆိုတော့ ဟိုဘက်မှာပဲ အနေများမှာ...ဆု့ကို ဒီဘက်ခြံကိစ္စ အကုန်အပ်ခဲ့ရမှာပဲ.."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...