လခြမ်းပဲ့
အပိုင်း (၂၄)
#လခြမ်းပဲ့
06040920
'အဟမ်း..'
မီးဖိုက ထွက်လာတဲ့ ပြာမှုန့်တွေကို လက်နဲ့ရမ်းခါလိုက်ပြီး ဟင်းအိုးကိုလည်း ကပျာကယာ အဖုံးအုပ်လိုက်မိသည်။
အဝတ်ကြိုးတန်းပေါ်က လက်နှီးစုတ် လှန်းထားတာကို ထယူရင်း ခြင်ထောင်ကြိုးကို တွေ့တော့ မှ သတိရတော့သည်။
ကြိုးမတွေ့ရင် လိုက်ရှာရမယ် ထင်လို့ ဒုက္ခပေးချင်စိတ်ဖြင့် ယူခဲ့မိသော်လည်း ခြင်ထောင်ကြိုးမရှာပဲ ခြင်ထောင်မပါပဲ အိပ်နေတာတဲ့လေ..။
ဒုက္ခပေးချင်တဲ့ ဆု ကပဲ ကြိုးကို ပြန်ဖြုတ်လိုက်ရတော့သည်။
ခြင်ထောင်ကြိုးကို ယူပြီး တဲပေါ်ကို ပစ်တင်ထားလိုက်ကာ မီးဖိုနားကို ပြန်လာခဲ့လိုက်သည်။
ကန်စွန်းရွက်ကို အစိမ်းရောင်သမ်းတဲ့အထိကြော်ပြီး ပုစွန်ကို အစပ်လေးကြော်ထားသည်။
ငါးနဲ့ပတ်သက်တာချက်မိရင်အရိုးနွှင်ပေးရဦးမည်။
ကြက်သားချက်ရင်တောင်မှ တစ်ခါတလေ အရိုးနွှင်ခိုင်းသည်အထိ ပျင်းတာ..။
ခုတလော တစ်ယောက်တည်း ကားနဲ့ တစ်နေကုန် ဘယ်သွားနေတာလဲ မသိဘူး..။
မနက်စာလည်း မစားပဲ လျှောက်ပတ်သွားနေတာပဲ..။
ဆု သက်ပြင်းဖွဖွ ချလိုက်ပြီး ကန်စွန်းရွက်ကို ပြန်မွှေလိုက်သည်။
ကန်စွန်းရွက်လေးတွေ နူးအိတော့မှ အိုးကို ဘေးချကာ ရေနွှေးအိုးတည်ထားလိုက်သည်။
'ဟ...ခြင်ထောင်ကြိုးမလား..ဘယ်လိုရောက်လာတာလဲ...'
တဲပေါ်က အသံကြားရတော့ ဆု တစ်ချက်ရယ်မိသွားသည်။
ဒုက္ခပေးချင်တဲ့ လူတောင် ငပျင်းကို အရှုံးပေးလိုက်ရတာပါ..။
'ဟို ခွေးသတောင့်စားတွေ ယူသုံးတာ ဖြစ်မယ်..'
တဲပေါ်က ခြေသံပြင်းပြင်းနဲ့ ဆင်းလာမှန်း သိနေတော့ ဆု့မျက်လုံးပြူးသွားသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...