လခြမ်းပဲ့
အပိုင်း (၃၀)
ဇာတ်သိမ်း
#လခြမ်းပဲ့
06160152
'ကောင်း....'
ကောင်းမြတ် ပခုံးကို လက်တင် လှုပ်နှိုးပြီး ခေါ်နေပေမဲ့ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေသည်။
ညတုန်းက စာကျက်လို့ညနက်မှ အိပ်တာကိုပဲ..။
ကောင်းမြတ် မျက်မှောင်ကြုတ်လိုက်မိသည်။
ပါးရိုးပေါ်ကို အနမ်းခံလိုက်ရတော့ မျက်မှောင်ကြုတ်ထားသော်လည်း ပြုံးမိသွားသည်။
'ကောင်း'
'အင်း..'
ကောင်းမြတ် ခေါင်းညိတ်လိုက်ပြီး ထဖို့ကြိုးစားကာ မျက်လုံးဖွင့်လိုက်တော့မှ အခန်းပုံစံ ပြောင်းနေတာ ကို သတိရတော့သည်။
ဟုတ်သားပဲ..။
ကျောင်းသား အရွယ်မှ မဟုတ်တော့တာ..။
မုန်တိုင်းတွေကို ကျော်လာပြီး ခုမှ ငြိမ်သက်စ ပြုနေတဲ့ ဘ၀ အခြေအနေ..။
'မသက်သာဘူးလားဟင်...'
ကောင်းမြတ် နဖူးပေါ်ကို လက်တင်စမ်းတော့ လက်ကိုဖယ်ချလိုက်မိသည်။
'ကောင်းပြီ..'
'မကောင်းပါဘူး...ပူနေသေးတယ်...'
ကောင်းမြတ်ကို ဆရာလုပ်နေတော့ လက်ကို ဆွဲချလိုက်ကာ သူ့ရင်ခွင်ထဲ တိုးဝင်မိသည်။
ပွေ့ပိုက်ပြီး ခေါင်းကို မျက်နှာအပ်ကာ ခိုးနမ်းနေတာ သိတော့ ပြုံးမိသွားသည်။
မေ က လွဲလို့ တောင့်တမိတဲ့ မိန်းမ တစ်ယောက်ရဲ့ ရင်ခွင်က တစ်ခုတည်းပါ..။
သူ မရှိတဲ့အချိန်တွေမှာ ဖျားမှာကိုတောင် ကြောက်ရွံ့နေခဲ့မိတာ..။
ကောင်းမြတ် အတိတ်တွေကို ပြန်မတွေးချင်လို့ သူ့ခါးလေးကို တင်းနေအောင် ပွေ့ဖက်ထားမိသည်။
'ဆေးခန်းသွားမယ်လေ...'
'ဆေးသောက်ထားတယ်...'
'ဟင်...အရက်တွေ သောက်လိုက်ပြန်ပြီလား..'
'အာ...ဆေးသောက်တာပါဆိုဟာ...'
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...