Part 10

8.6K 536 170
                                    


လခြမ်းပဲ့

အပိုင်း(၁၀)

#လခြမ်းပဲ့

05240354

"ဆုဆု..နင့်ဖုန်းအော်နေတာ မကြားဘူးလား..."

"ဟင်"

ဆု ဟင်းချက်နေတဲ့အနားကို ရောက်လာပြီး ဖုန်းလာပေးတော့မှ အံသြကာ ယူလိုက်ရသည်။

ဟင်းကိုဆီသတ်နေတာကြောင့် ဖုန်းကို ကြည့်ရင်း လက်ကလည်း မွှေနေရသည်။

"ဟာ..အန်တီ ခေါ်တာပဲ...."

ဆု ဖုန်းမကိုင်လိုက်မိတာကြောင့် အဆူခံရတော့မည်ဆိုတာ သိပါသည်။

ဖုန်းကို ပေါင်ပေါ်တင်ကာ အသံဖွင့်၍ ပြန်ခေါ်ရင်း ဟင်းအိုးထဲကိုလည်း ရေနည်းနည်းလောင်းထည့်လိုက်ရသည်။

"ဟလို..."

"အမလေး..ဆုမြတ်မွန်..ဖုန်းခေါ်တာ ဘာလို့မကိုင်တာတုန်း."

"ဟို...မီးဖိုချောင်ထဲ ရောက်နေလို့ပါ...အန်တီ."

"ဖြစ်ရမယ်..ဟင်းယူခိုင်းဖို့ ငါ လွှတ်လိုက်ရတော့မလား.."

"ဟင်း..ဘာဟင်းလဲဟင်..."

"ဟဲ့..ဒီနေ့ ငါ့မွေးနေ့မို့ သီးစုံဘဲဥချဉ်ဟင်းနဲ့ထမင်း နှစ်တိုင်း ကျွေးတယ်လေ..."

"ရှင်."

ဆု မျက်လုံးပြူး၍ ရင်ခုန်သွားပါသည်။

ဆု့ကို အစ်မလည်း ဘာမှ မပြောထားပါ..။

"ဟို..မမ က ဘာမှ မပြောထားလို့ ဘာမှ မချက်ထားဘူး...အန်တီ..."

"အမလေး..လေး...ဒုက္ခတော့ ရောက်ပါပြီ..နောက် နှစ်နာရီဆိုရင်ပဲ လူတွေ ရောက်လာတော့မယ်..ဘယ်လိုလုပ်ကြမလဲဟဲ့...ဟိုကောင်မကလည်း ေ-ာက်သုံးကိုမကျဘူး...ဒီလောက် မှာထားတာကိုပဲ..နင်ကလည်းလေ..ဒီအိမ်မှာ အလုပ်လုပ်တာ သေပဲ သေတော့မယ်..ဒါတောင် သတိမထားဘူးလား..ပြောလိုက်ရင် အန်တီကြီးတို့က ကျေးဇူးရှိတယ်ဆိုပြီး အလကား အပေါ်ယံဟာမ...ပါးစပ်နဲ့ညာစားနေတာပဲ...နှစ်တိုင်းလုပ်နေတာကို ဟိုကောင်မ အလုပ်များနေရင်တောင် နင်က သတိပေးပေါ့...ေ-ာက်ချိုးကို မပြေကြဘူး..."

"........"

ဖုန်းသံပိတ်သွားပေမဲ့လည်း ဆု စိတ်မကောင်းဖြစ်မိသလို သူ့ရှေ့မှာမို့ ရှက်ဖို့လည်းကောင်းပါသည်။

လခြမ်းပဲ့Where stories live. Discover now