လခြမ်းပဲ့
အပိုင်း (၂၂)
လခြမ်းပဲ့
06020450
"ဆု့ကို ဘယ်တုန်းက ချစ်သွားတာလဲ."
ရင်ခွင်ထဲကို တိုးဝင်နေတော့ သေချာ မမြင်ရလို့ ခေါင်းကို နည်းနည်းဆုတ်လိုက်ချိန် သူကလည်း မော့ကြည့်လာသည်။
"ဟင်..ကောင်း..ပြောလေ."
'အင်း..စဉ်းစားလိုက်ဦးမယ်."
မျက်စံလေးတွေကို ငေးကြည့်တော့ မျက်တောင် နှစ်ချက် ပုတ်ခတ်လိုက်သေးသည်။
သူ့နားစွဲ လခြမ်းလေးက သူ့မေးရိုးပေါ်အထိ ကျူးကျော်နေသည်။
မူယာမာယာ များပြီး မခို့တရို့ကြည့်တက်တဲ့ မျက်ဝန်းမဟုတ်ပဲ စူးစိုက် ငေးကြည့်နေတဲ့ မျက်ဝန်းကို ဆုံချိန်ကတည်းက ရင်ခုန်ခဲ့ရတာ..။
သူ့နားမှာရှိနေတဲ့ လခြမ်းကွေးလေး က ကောင်းမြတ်ကို နှလုံးခုန် မြန်စေသည်။
ငယ်ငယ်တုန်းက အနိုင်ကျင့်ခဲ့သမျှကို ဘေးလူတွေကို ဖောက်သယ်ချမလား..။
အတင်းပြောပြီး ကဲ့ရဲ့နေမလား..။
စကောလားရှစ်ကို ထိခိုက်တဲ့အထိ လုပ်မလား..။
ကောင်းမြတ် အပြစ်တွေကို ကလဲ့စားချေဖို့ တစ်ခုခု ကြိုးစားလေမလား..။
ကိုယ့်စိတ်နဲ့ကိုယ် မလုံမလဲဖြစ်၇င်း သူ့ကိုမသိချင်ယောင်ဆောင်နေခဲ့ရတာ မသက်သာပါဘူး..။
သူ့သူငယ်ချင်းက.သိနေတာလား. မေးတော့မှ ရှက်ကိုးရှက်ကန်းဖြင့် မသိပါဘူး ဖြေလို့ ကောင်းမြတ်ရင်ထဲက အပူသက်သာသွားရသည်။
ကောင်းမြတ် နဲ့ တစ်ဝိုင်းတည်း မုန့်စားဖြစ်သော်လည်း ဘာမှ မဖြစ်ခဲ့သလိုမျိုး မုန့်ဖိုးတွေ ရှင်းပေးတက်သေးသည်။
ငယ်ငယ်တုန်းက ကိုယ့်ကြောင့် နာကျင်ထိခိုက်ခဲ့သမျှကို မေ့ပစ်လိုက်ပြီလား..။
သိရဲ့သားနဲ့ ခွင့်လွှတ်ထားတာလား..။
သူက သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တာ ဆိုတာ သိတဲ့အချိန် ကောင်းမြတ်ရင်ထဲမှာ ခံစားချက်တွေ ပြောင်းလဲကုန်သည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...