လခြမ်းပဲ့
အပိုင်း(၁၄)
#လခြမ်းပဲ့
05250826
"လေပြေညှင်းများရယ်..ဒုက္ခတွေ သယ်ဆောင်သွားပါကွယ်."
"ဆရာကောင်း...ကြည့်လာချည်လား...နတ်သမီး ဆင်းလာလို့များလား.'
ကောင်းကင်ကို မော့ငေးနေရင်းက ဘေးက အသံကြောင့် အတွေးပြတ်တောက်သွားသည်။
ကောင်းမြတ်ဘေးမှာ ချထားတဲ့ ဖုန်းကို အသံပိတ်လိုက်မိသည်။
"ဘာတွေ့လို့လဲ...မှောင်မဲနေတာကိုပဲ..."
"အဟင်း...ထိုင်...ကိုပိုင်..."
ကောင်းမြတ် ဘေးကို တိုးပေးလိုက်တော့ တစ်ရေးနိုးလာတဲ့ကိုပိုင်က ဝင်ထိုင်သည်။
"လလည်းမသာပါဘူးကွာ..."
"ကျွန်တော်ကတော့ လပြည့်တာ လကွယ်တာ သိပ်မကြိုက်ဘူး...လဆန်းရက်တွေပဲ ကြိုက်တယ်..."
"အထူးအဆန်းပဲကွ...လသာမှ ကြည့်ကောင်းတာမလား..."
"အဟင်း...ဟုတ်တယ်...ကျွန်တော်က ငယ်ငယ်လေးထဲက လောဘကြီးတယ်...လပြည့်ကိုပဲ လလို့ထင်တာလို့ ကျွန်တော့်အမေ ပြောပြဖူးတယ်...လခြမ်းပုံကို ပြပြီး လလို့ ပြောရင် အဲဒါ လမဟုတ်ဘူးလို့ ငြင်းတက်တယ်တဲ့..."
"ဟား...ဟား...ဖြစ်ရလေ...ခုကျတော့ လပြည့်မကြိုက်တော့ဘူးလား..."
"အင်း...ဆယ်နှစ်ကျော်ပြီ...လပြည့်နေရင် မမြင်ချင် မတွေ့ချင်ဘူး...ခုလို လရောင်မတွေ့ရတာ စိတ်သက်သာတယ်ဗျ"
"အထူးအဆန်းပဲ...ဒါနဲ့ မင်း လ ထကြည့်တာတော့ မဟုတ်လောက်ပါဘူး...အကုန် မူးမှောက်နေပြီ...တစ်ယောက်တည်း စီးကရက် တစ်ဘူး ကုန်အောင် မရပ်မနား ထိုင်သောက်တာတော့ မကောင်းဘူး ထင်တယ်...."
ကိုပိုင်က ကောင်းမြတ်ရဲ့ ဆေးလိပ်ဘူးထဲက ဆေးလိပ်ကို ထုတ်လိုက်တော့ မီးငြိပေးလိုက်ရသည်။
"ရင်ဖွင့်ချင်တာ ရှိရင် ဖွင့်လို့ရတယ်နော်...."
"ဘာမှ မဖြစ်ပါဘူးဗျာ..ဒီတိုင်းပဲ အိပ်မပျော်လို့ပါ."
"ယောက်ျားချင်းမညာချင်စမ်းပါနဲ့ဗျာ..ဒီမှာ သက်သေတွေပဲမလား..."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...