Part 21

10.5K 747 465
                                    


လခြမ်းပဲ့

အပိုင်း (၂၁)

#လခြမ်းပဲ့

05290910

'ေြသ်ာ...ရောက်နေတာလား."

ဆု့ ဟင်းအိုးမွှေနေရင်း အသံကြားလိုက်ရတော့ လှည့်ကြည့်မိပြီးမှ ဟင်းအိုးကို ပြန်ကြည့်နေလိုက်သည်။

"ဘာချက်တာလဲ."

'ငါးဖယ်."

'အလုံးလား..အပြားလား."

"အပြား."

"အမာလား..အပျော့လား."

"အမာ.'

"ဆီပြန်လား...ရေနဲ့လား."

ဆု ဟင်းအိုးဆီသတ်နေရင်းက မျက်ခုံးတွန့်လာသည်။

ဘယ်တုန်းက ဒီလောက် ဟင်းချက်တာကို စိတ်ဝင်စားသွားတာပါလိမ့်..။

လူတစ်ယောက်အကျင့်က ဘယ်လောက်ကြာကြာ မပြောင်းလဲတက်ဘူးဆိုတာ တကယ်ပါပဲ..။

ဟိုးအရင်ကတည်းက သူ့ဟာသူ လုပ်ချင်တာလုပ်မယ် ဘယ်သူ့ခံစားချက်ကိုမှ မငှဲ့ညှာဘူး.. ပြီးရင် သူမဟုတ်သလိုပဲလေ..။

ခုလည်း ဆု စကားပြောချင်ဆိုချင် စိတ် မရှိလို့ ရှောင်နေတာ တစ်ပတ်လောက်ကြာပြီ..။

ပြောစရာ စကားမရှိတော့ ဟင်းချက်တာကို စကားလုပ်ပြောနေပြန်သည်..။

"ဆီတွေများနေသလိုပဲ...သူ့ပိုက်ဆံကုန်တာမဟုတ်တိုင်းပဲ..ယောက်ျားပိုက်ဆံကို ချွေချွေတာတာနဲ့ စည်းစနစ်တကျ သုံးတက်တဲ့ မိန်းမ တစ်ယောက်လောက် ထပ်ရှာဦးမှပါပဲ."

ဟင်းအနှစ်ကို ထွေးထွေးလေးဖြစ်ပြီး ခုလို ဆီပြန်လာဖို့ ဘယ်လောက်တောင် အချိန်ပေးချက်နေရတာလဲ မသိပဲ လူကို ရွဲ့သလို စောင်းသလို ပြောနေတော့ ဆု မသိချင်ယောင်သာ ဆောင်ထားလိုက်ပါသည်။

ဆု ဘာမှ မဖြေတော့ အနားမှာကပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်လို့  ပခုံးစောင်း၍ ကြည့်မိသည်။

အပေါ်ပိုင်း ကိုယ်ဗလာနဲ့မို့ ဆု အကြည့်လွဲပြီး ဟင်းအိုးကို ပြန်ကြည့်နေလိုက်သည်။

"ကျက်တော့မှာလား..."

"အင်း..."

သူက ထိုင်ရာက ထကာ ရေတိုင်ကီ ကို သွားပြီး မျက်နှာသစ် သွားတိုက်နေပြီမို့ ဆု လုပ်လက်စကိုသာ မြန်မြန်ပြီးအောင် စိတ်လောနေမိသည်။

လခြမ်းပဲ့Where stories live. Discover now