လခြမ်းပဲ့
အပိုင်း (၃)
#လခြမ်းပဲ့
05160940
"ဘောစိ ထင်တယ်နော်..."
"ကားနဲ့ဝင်လာကတည်းက ငါတွေ့တယ်..."
"မမဆုကို အစ်မ ခေါ်သေးတယ်မလား..."
"အလုပ်ရုံကိုရောင်းလိုက်တာလား..."
"တစ်ခုခု ဆောက်ဖို့ ထင်တယ်...မြေရောင်းလိုက်တာလား မသိဘူး..."
"ဟွန့်..အစ်မရဲ့အသံကို နားထောင်ရုံနဲ့ တော်ရုံလူ မဟုတ်မှန်း သိသာတယ်...ရယ်သံချည်းပဲ..."
"မမဆု နဲ့ သိတာလား...မမဆု အနားမှာ အကြာကြီး ရပ်ပြီး စကားပြောနေတာမလား..."
"အမလေး သိရုံ မဟုတ်ဘူး..မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း အရင်းကြီးတဲ့..မမဆုကို သင်တန်းတက်မလားလို့တောင် မေးနေသေးတာ..ဟုတ်တယ်နော်..."
"ဟယ်..တကယ်ကြီးလား...မမဆုတို့များ ကံကောင်းလိုက်တာ...ဒီလို သူငယ်ချင်းကို ပြန်တွေ့ရတာ ကံကောင်းတာပဲ...ငါတို့ သူငယ်ချင်းတွေနဲ့များ ကွာလိုက်တာ...အတူတူ မွဲပြာကျနေကြတယ်..သူဌေး တစ်ကောင်မှ မရှိဘူး.."
"မမဆု နဲ့ ငယ်ငယ်က သိတာလား...မမဆု နဲ့ အရမ်းခင်ခဲ့ကြပုံပဲ."
"အင်း..."
"သဘောကောင်းမဲ့ပုံပဲနော်."
"အင်း..."
ဆု ခေါင်းညိတ်လိုက်ကာ လုပ်လက်စကိုပဲ လုပ်နေလိုက်သည်။
"မမဆုကလည်း သိချင်လို့ပါဆို ဈေးကိုင်နေပြန်ပြီ.."
"ဘာသိချင်တာလဲ..."
"အဲ့အစ်ကိုက ချမ်းသာလား..ဘယ်မှာနေလဲ..ဘာလို့ ဒီကို ရောက်လာတာလဲ..."
"သူချမ်းသာလားတော့ ငါ မသိဘူး..မတွေ့တာကြာပြီ..ဘယ်မှာနေလဲဆိုတာလဲ မသိဘူး..ဒီကို အလုပ်ကိစ္စ ရောက်လာတာလို့တော့ အစ်မပြောတယ်..."
"အယ်..မမဆု နဲ့ ခင်တယ်ဆိုပြီး ပြောတာ ကြားသားပဲ...."
ဘေးမှာ ရှိနေတဲ့ ကောင်မလေးတွေကလည်း ဝင်ပြောတော့ ဆု စိတ်ဆင်းရဲစွာ သက်ပြင်းခိုး တစ်ချက် ချမိသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...