လခြမ်းပဲ့
အပိုင်း(၆)
#လခြမ်းပဲ့
05220516
"မမဆုကို ကြည့်ပြီး..နေမကောင်းတောင် ဖြစ်ချင်သွားတယ်."
"ဟုတ်ပ..ဟုတ်ပ."
"နင့်သူငယ်ချင်းဆိုတာ ဟုတ်ရဲ့လားဟာ..ဟုတ်တယ်ဆိုရင်တော့...အဲ့လူ နင့်ကို ကြိုက်နေလို့ပဲ ဖြစ်မယ်."
"ဟုတ်တယ်..ဖြစ်နိုင်တယ်..မမဆုကသာ ဖျားပြီး အိပ်ပျော်နေလို့ မသိတာ ကျုပ်တို့ ဟိုဘက်ခန်းက ချောင်းကြည့်နေတာ အကုန်တွေ့ရတယ်."
"ဟမ်..ချောင်းတယ်."
ခင်ခင်က မျက်လုံးပြူးဖြင့် ပြောတော့ ဆု ခေါက်ဆွဲစားရင်း ရယ်မိသွားသည်။
အကျင့်အစုံ စရိုက်အစုံ လူပေါင်းစုံ ရှိနေသည့်နေရာမှာ အမျိုးမျိုးသော စိတ်ထားတွေ တွေ့နိုင်တာပဲလေ..။
ခင်ခင်ကတော့ လူလောကအကြောင်း သိပ်မသိသေးလို့ အံသြနေရှာတာပါ..။
"ချောင်းတယ်ဆိုတာ..အသံတွေကြားနေလို့ ထရံကို နည်းနည်းဖြဲကြည့်တာပါဟာ."
"ဘာတွေ့တုန်း."
"အမလေး..ရုပ်ရှင်ထဲက အတိုင်းပဲဆို."
ကြက်ပေါင်းခေါက်ဆွဲဆိုတာကို မစားချင်သော်လည်း ခပ်စားနေရင်း လူမမာမေး လာစပ်စုကြသည့် သူတို့ ပြောသမျှကိုသာ နားထောင်နေမိသည်။
သူတို့ဟာ သူတို့ ပြောချင်ရာပြော ထင်ချင်ရာထင်ကြသလို ဆုကလည်း ကိုယ့်ဝေဒနာနှင့်ကိုယ်သာ လုံးပန်းနေရသည်လေ..။
အဖျားကြီးထားတော့ စားသမျှက အရသာမရှိသလို ဖြစ်နေသည်။
ဆု ဝယ်မစားဖူးသော်လည်း ဈေးကြီးမှန်းသိသာသည့် ဒီလို ခေါက်ဆွဲကို ဝါးရတာတောင် ဖော့ကို ဝါးနေရသလို ထုံပေပေ ဖြစ်နေသည်။
"နဖူးပေါ် အဝတ်လေး တင်ပေးလိုက်..လက်ကလေး ထွေးဆုတ်ပေးလိုက်နဲ့.စိတ်ပူနေရှှာတာ.."
"မမဆု မသိလို့နော်..အဲ့အစ်ကို က မမဆုကို ကြိုက်နေတာ သေချာတယ်..သိလား."
ဆု နှုတ်ဆိတ်၍ ခေါက်ဆွဲစားနေရသော်လည်း ရင်ခုန်သွားကာ မျက်နှာ ပူလာသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...