လခြမ်းပဲ့
အပိုင်း (၁၇)
#လခြမ်းပဲ့
05260526
"ဘာဖြစ်တာလဲ."
"မေမေ နေမကောင်းလို့ ပြန်ရမယ်."
"ငါလည်းလိုက်မယ်လေ.'
"ဒါပေမဲ့."
"ငါတို့အကြောင်း ပြောသင့်နေပြီ ထင်တယ်."
"ဒါပေမဲ့ လွယ်လွယ် လက်ခံကြမှာ မဟုတ်ဘူးဟ.."
"အင်းပါ...ငါ့လိုမိဘမဲ့ တစ်ကောင်ကြွက်လို ကောင်ကို ဘယ်သူမှ မပေးစားချင်တာ ငါသိတယ်.."
"မဟုတ်ပါဘူး..ငါ့ဘဝကြောင့်ပါ...ပြီးတော့ နင်က တစ်ယောက်တည်း မဟုတ်ဘူး...ငါနဲ့ လက်ထပ်ထားကြတာ နင်နဲ့ငါက မိသားစုလေ...နင့်ဘေးမှာ ငါ အမြဲရှိနေမယ်လေ..."
'ထားပါတော့...နင် နေသိပ်မကောင်းသေးတော့ တစ်ယောက်တည်း သွားခိုင်းဖို့ စိတ်မချဘူး... ..အတူလိုက်မယ်နော်.."
ဆု လက်ခံခေါင်းညိတ်လိုက်ရသော်လည်း စိုးရိမ်စိတ်ပူမှုက ပိုဆိုးရတော့သည်။
ရွာကို ယောက်ျားလေး သူငယ်ချင်းခေါ်သွားမိတယ်ဆိုကတည်းက ဆု မှားသွားတာပါ..။
ဒါတောင် သူ့ကို ဆုတို့ ဆွေမျိုးမကင်းတဲ့ အိမ်မှာ နေခိုင်းထားတာ..။
မေမေ နေကောင်းသက်သာရင် အသိပေးဖို့ စီစဉ်ထားပေမဲ့လည်း မပြောဖြစ်ခဲ့ပါဘူး..။
ဆု တို့ ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပဲ မေမေ နေမကောင်းထပ်ဖြစ်လို့ ဆု အိမ်ပြန်ရပြန်သည်။
ဒီတစ်ခေါက်တော့ သူ့ကို ဆု မခေါ်ရဲတော့ပါ..။
မေမေ ကျန်းမာရေးမကောင်းတာကို ဆုကြောင့်လို့ ယူဆမိတော့ သူနဲ့လည်း ခဏ ခွဲနေချင်စိတ် ဖြစ်မိသည်။
မေမေတို့ ဘက်ကလည်း တစ်ခုခု ရိပ်မိသလိုမျိုး ဆုကို ရန်ကုန် မပြန်ခိုင်းတော့ပဲ ကျောင်းကိုလည်း အဝေးသင် ပြောင်းတက်ဖို့ ဖိအားပေးသည်။
သင်တန်းကိုလည်း ထွက်ခိုင်းသည်။
ရွာမှာပဲနေမှာ ဘွဲ့တစ်ခုရရင် တော်ပြီပေါ့လို့ ဖြေသိမ့်သည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...