လခြမ်းပဲ့
အပိုင်း(၄)
#လခြမ်းပဲ့
05200920
'.ဟူး...."
အိမ်ပေါ် လှေကားကို တက်ရဖို့အတွက် ဒေါသစိတ်ကို ဆု ပါးစပ်ကနေ လေပူတွေ အဖြစ် အရင်မှုတ်ထုတ်လိုက်မိသည်။
လှေကားကနေ တက်သွားလိုက်ပြီး အိမ်ရှေ့ စားပွဲဝိုင်းဆီကို အကြည့်ရောက်သွားချိန် မျက်မှောင်ကြုတ်မိသွားသည်။
ထိုင်ခုံရှည်ပေါ်မှာ ခြေပစ်လက်ပစ် အိပ်ပျော်နေတဲ့လူရဲ့ မျက်နှာပေါ် ရေတစ်ဖလားလောက် လောင်းချပစ်ချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်။
မျက်နှာကျက်ပေါ်က ပန်ကာက တရွေ့ရွေ့ လည်နေတော့ အိမ်ပေါက်၀ အထိ လေအေး တချို့ ရနေသည်။
ဆု လာကြည့်တဲ့ လေးခေါက် စလုံး ထိုင်ခုံရှည်ပေါ်မှာ မလှုပ်မယှက်နဲ့ အိပ်နေပုံက အိပ်ရင်း အသက်ပါ ပါသွားပြီလား မသိဘူး.။
နံရံပေါ် ချိတ်ထားတဲ့ နာရီဆီကို အကြည့်ရောက်သွားချိန် ဆယ့်တစ်နာရီဖြစ်ဖို့ ဆယ်မိနစ်သာ လိုတော့သည်။
ဆယ်နှစ်နာရီ ဖြစ်တာနဲ့ မြေတူးနေကြတဲ့ ဝန်ထမ်းတွေက ထမင်းစားကြတော့မည်..။
ဆု ရဲ့ မရှည်တော့တဲ့ စိတ်ကို မတက်နိုင်ခြင်းဆိုတဲ့ အခြေအနေက အနိုင်ယူသွားတော့ သက်ပြင်းချ၍ စိတ်ဖြေရင်း လှေကားက ပြန်ဆင်းလာခဲ့လိုက်သည်။
မနက် လေးနာရီကတည်းက အလုပ်တွေ ဆက်တိုက် လုပ်ရသည်။
အစ်မက သေချာ မှာထားတော့ အစ်မ တို့ မသွားခင် ခြောက်နာရီကျော်လောက်တည်းက ထမင်း ဟင်း ရောင်းတာတောင် စောသိမ်းလိုက်ရသည်။
ထမင်း ဟင်း ပိုနေသော်လည်း ဝယ်နေကျ လူတွေက ဖုန်းဆက် မေးရင်း ဝယ်သွားရင်းဖြင့် ကုန်သွားလို့ တော်သေးသည်။
ဆု အိမ်ရှေ့မှာ ယောင်လည်လည် လုပ်နေမိသော်လည်း ခုနှစ်နာရီ ဆိုတာ မြို့သားတွေ အိပ်ရာထတဲ့ အချိန် မဟုတ်မှန်းတော့ သိပါသည်။
မနက်စာ အတွက် ဈေးက ဝယ်ခဲ့ရသည့် အသုပ်စုံ ကောက်ညှင်းပေါင်း လက်ဖက်ရည် နဲ့ ပဲပြုတ် နံပြားတွေကိုလည်း ပန်းကန်ထဲ အဆင်သင့်ပြင် ထည့်ထားပြီးသားပါ.။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...