လခြမ်းပဲ့
အပိုင်း (၂၆)
#လခြမ်းပဲ့
06050947
'မေမေ...ဆေးကို သေချာလေး သောက်နော်..'
'အေးပါ...သမီးရယ်...'
'မောင်လေးကို ကျေးဇူးတင်ပါတယ်နော်...'
ဆု မေမေ့ လက်ကို ကိုင်ပြီး သေချာ မှာနေရင်း အနားမှာ ရှိနေတဲ့သူ့ကို မမိခိုင်က ပြောတော့ စိတ်ထဲ ထိတ်သွားသည်။
မေမေ့အတွက် အစအဆုံး ပြည့်စုံအောင် ကူညီပေးတာ သိသော်လည်း ဆု့မှာ အလျော်အစားနဲ့ အလဲအထပ် လုပ်ထားရတာပါ..။
'သား...ကောင်းမြတ်သူ....ကျေးဇူးတင်ပါတယ်...'
မေမေ က ဆေးရုံဆင်းရတဲ့ လူနာဆိုပေမဲ့ သူ့ဘက်ကို သေချာ ငှဲ့စောင်းကြည့်ပြီး ပြောလိုက်သော်လည်း သူက ဘာမှ မပြောပဲ ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။
'သမီး ကို သေချာလေး စောင့်ရှောက်ပေးပါ...သား လုပ်နိုင်မယ်ဆိုတာ မေမေ ယုံပါတယ်...'
ဆု နားမလည်သော်လည်း မေမေ ပြောတာကို သူက ခေါင်းထပ်ညိတ်ပြသည်။
'သမီး...သမီးယောက်ျား အနားမှာပဲနေနော်...'
'ဟင်...'
'မိုးချုပ်ဦးမယ်..သွားရအောင်...'
မမိခိုင်က ပြောလိုက်တော့ ကားဆရာက စက်နှိုးလို့ ဆု အနောက်ကို ဆုတ်ရပ်လိုက်ရသည်။
မေမေ က သမီးယောက်ျားလို့ ပြောသွားတာ ထူးဆန်းလွန်းပါသည်။
မေမေ့ကို ဆေးရုံကိစ္စ ကူညီပေးတယ်ဆိုရင်တောင် မေမေက ဆု့ကို သူနဲ့သဘောတူမှာ မဟုတ်ဘူး..။
သူနဲ့တွဲမိတိုင်း ကံဆိုးတက်တာဆိုပြီး အမြဲစိတ်ပူနေခဲ့တာလေ..။
'သွားမယ်..'
သူက ပြောပြီး ကားဆီကို လျှောက်သွားတော့ ဆုလည်းသူ့နောက်ကို လိုက်သွားရသည်။
ကားပေါ်ကို ရောက်တော့ ဆေးရုံဝန်းကနေ မောင်းထွက်လာပေမဲ့လည်း ဆု့စိတ်တွေက နားမလည်နိုင်ခြင်းတွေ ပြည့်နေပါသည်။
ကားလမ်းဘေးက လူတွေကိုငေးကြည့်ရင်း ငြိမ်သက်နေမိသည်။
သူ့ကိုဘာပြန်လုပ်ပေးရမလဲ မသိသေးပေမဲ့ တကယ် ကျေးဇူးတင်မိတာပါ..။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...