Part 7

8.4K 522 151
                                    


လခြမ်းပဲ့

အပိုင်း(၇)

#လခြမ်းပဲ့

05230936

"ပီ...ပီ..."

ဆု စောင် ခေါက်နေရင်းက အားသွင်းထားတဲ့ ဖုန်းဆီကို အရင် သွားရသည်။

အရင်ဖုန်း အဟောင်းတုန်းက အမြဲတမ်း အားသွင်းရတာကို စိတ်စွဲနေပြီး အခုဖုန်းလည်း အားချည်းသွင်းနေမိတာပါ..။

ဖုန်းအဖြူလေးမို့ ပေကုန်မှာစိုးလို့ ကာဗာအသစ် တစ်ခု ဝယ်တပ်ထားရသည်။

ဖုန်းရဲ့ မျက်နှာပြင်ကို လော့ဖွင့်လိုက်တာနဲ့ လေးထောင့်ကွက်ပေါ်မှာ  ဒင်းရဲ့ ကိုယ်တစ်ပိုင်းပုံက အထင်သားမို့ အလန့်တကြားဖြင့် လက်ညိုးထောက်၍ နောက်တစ်ပုံကို ပွတ်ဆွဲလိုက်ရသည်။

ဒါကြီးကို ဘယ်လို ဖျက်ရမလဲ မသိဘူး..။

ဆု စိတ်ဆင်းရဲစွာဖြင့် အကြိမ်များစွာ ကြိုးစားခဲ့ဖူးသည့် အတိုင်း ဓာတ်ပုံဖိုင်ထဲ ဝင်၍ ဖျက်ကြည့်မိပါသည်။

ပုံက ပျက်သွားလည်း ခဏနေရင် ရှေ့စာမျက်နှာ လေးထောင့်ကွက်ထဲကို သူ့ပုံ ပြန်ရောက်နေတာပါပဲ..။

သူ့ဖုန်းစပေးကတည်းက ဓာတ်ပုံ ဖိုင်ထဲမှာ သူ့ပုံ ရှိနေသည်။

ခေါင်းစုတ်ဖွားနဲ့ ကိုယ်တစ်ပိုင်းသာ ပါသည့် ဆဲလ်ဖီ ဆွဲထားတဲ့ပုံပါ..။

ရိုးရိုးပုံ မဟုတ်ပဲ အကျီ ၤချွတ်ကြီးနဲ့ ရင်ဘတ် အပေါ်ပိုင်း က ဟင်းလင်းနဲ့ မြင်မကောင်းတဲ့ ပုံမျိုး..။

သူ့ဖုန်းမို့ သူ့ပုံ ပါလာတာဆိုပြီး ဆု ဖျက်ပစ်လိုက်သော်လည်း မပျက်ပါဘူး..။

မမြင်ချင် မတွေ့ချင်သော်လည်း ဖုန်းဖွင့်တာနဲ့ လေးထောင့်ကွက် ထဲမှာ အကျီ ၤချွတ်ကြီးနဲ့ ဒင်းပုံ ပေါ်နေတာလည်း ခဏခဏလန့်ရသည်။

မတော်မဆ တစ်ယောက်ယောက် မြင်သွားမှာလည်း စိတ်ပူသည်။

ဆုစိတ်မရှည်လို့ လေးထောင့်ကွက်လေးကို လက်ညိုးနဲ့ ဖိ၍ ပွတ်ဆွဲပစ်လိုက်သည်။

ပျက်ခါမှ ပျက်ရော..။

ဆု စာတွေဖတ်ပြီး လျှောက်နှိပ်ကြည့်နေသော်လည်း ဘယ်လိုပဲ လုပ်လုပ် ပျောက်မသွားတော့ လက်လျော့လိုက်ရပြန်သည်။

လခြမ်းပဲ့Where stories live. Discover now