လခြမ်းပဲ့
အပိုင်း (၂၈)
#လခြမ်းပဲ့
06061000
"တိမ်ပြာပြာအရိပ်မိုးထားတဲ့ ကောင်းကင် မြေပြင်ကို မသက်ဆင်းခဲ့....နေဝင်လို့ သွားခဲ့ရင် လမင်းကြောင့် အမှောင်တွေ ခွင်းရမယ်...လေပြေညှင်းများရယ်..ဒုက္ခတွေ သယ်ဆောင်သွားပါကွယ်...လူတွေ ငြိမ်းချမ်းဖို့..ကံကောင်းခြင်းတွေ သယ်ဆောင်ပေးမလားကွယ်....'
https://www.youtube.com/watch?v=k4dglQnxN2o
ဆု နားထဲ ခပ်တိုးတိုး အသံလေး ကြားနေရတော့ မျက်လုံးတွေ မှိတ်ထားရင်း အာရုံစိုက်ကာ နားထောင်ကြည့်မိသည်။
သီချင်းသံမှန်း သေချာတော့မှ သူ အနားမှာ ရှိနေမယ်ဆိုတာ သိလိုက်ပါသည်။
ဆု နှာခေါင်းထဲကို မွှေးရနံ့သင်းသင်းလေးက တိုးဝင်လာသည်။
ယုဇန ပန်း ရနံ့လေး..။
ဆု လက်က နာကျင်နေသည်။
ဗိုက်ကလည်း အောင့်နေသေးသည်။
သူ စိတ်ပူနေပြီ ထင်ပါတယ်..။
ဆု မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ပေါ်က မီးရောင်ဖြူဖြူကြောင့် မျက်လုံးတွေ ပြန်မှိတ်ထားလိုက်ရသည်။
ဆု့ မျက်ခုံးပေါ်ကို အထိအတွေ့ တစ်ခု ရောက်လာတော့ မျက်လုံးတွေ ပြန်ဖွင့်ကြည့်မိချိန် သူ့ မျက်နှာက ငုံ့မိုးကြည့်နေပြီး မျက်ခုံးပေါ်ကို လက်ကွယ်ပေးထားလို့ မျက်လုံး မစူးတော့တာ ဖြစ်သည်။
'နိုးပြီလား..'
'အွင်း..'
'အိပ်လို့ကောင်းတယ်မလား...'
'အင်း..'
'...........'
ဆု ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရသလောက်တော့ ဆေးရုံက အခန်းတစ်ခုလို ထင်ရသည်။
'ငါ ဘာဖြစ်တာလဲဟင်...'
'အစာအိမ်ပေါက်ထွက်တော့ဖို့...ကံကောင်းလို့ ခွဲရတော့ဖို့...'
'ဟင်..မခွဲရလိုက်ဘူးလား...'
'အင်း...အချိန်မှီသွားတယ်...'
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...