လခြမ်းပဲ့
အပိုင်း(၁၁)
#လခြမ်းပဲ့
05250848
"ဒါနဲ့...နင်တို့ အိမ်ကိစ္စကော အဆင်ပြေသွားပြီလား."
ဆု မုန့်ဟင်းရည်တွေကို ချိုင့်ထဲ ထည့်နေရင်း ခေါင်းညိတ်လိုက်မိသည်။
"ဟုတ်ကဲ့..မမ..."
'ငွေရတာလား..ဘယ်က ရလိုက်တာလဲ..."
ဆု ပြောဖို့ စကားလုံးတွေထက် ဝမ်းနည်းသော ခံစားချက်က ရှေ့ကို ရောက်လာသည်။
"ခင်ခင့် အသိတစ်ယောက်ဆီက ချေးပေးတာပါ.မမ.."
"ဪ...အေး...အစတုန်းကတော့ နှစ်လစာလောက် ကြိုထုတ်ပေးမလို့ပဲ...လိုသေးရင် ယူထားလေ..."
"မယူတော့ပါဘူး မမ...မေမေ့ကျန်းမာရေး အခြေအနေက ခန့်မှန်းလို့မရတော့ လိုတဲ့အခါ ထပ်ယူရဦးမှာပါ..."
"ဟင်း...နင်တို့အိမ်ကလည်းလေ...တစ်ခုပြီးတစ်ခုပါပဲ...နင့်အမေ ကျန်းမာရေးကြောင့် ငွေကုန်ရတာတော့ ထားပါတော့...တူ ကျောင်းစရိတ်ကလည်း လိုသေးတယ် စာမကြိုးစားလို့ ဆယ်တန်းရှုံးတာကို ပြန်ထားနေသေးတယ်...ကျောင်းပိတ်ရက်ဆိုလည်း အားကိုးရမလားမှတ်တယ် နွေရာသီကျူရှင် ထားပေးရပြန်ပြီ...နင်တစ်ယောက်တည်းနဲ့ မိသားစုလိုက်ကို ခေါင်းပေါ်ရွက်ထားရတာ နည်းနည်းပါးပါး သိတက်ကြဖို့ ကောင်းတယ်...ဟင်း...ငါ့မှာလည်း နင့်ကြောင့် စိတ်ပူလောင်ရပါတယ်...ဟယ်..."
"............"
"ခုတလော ခင်ခင်မြ ကို ကြည့်ရတာလည်း တစ်မျိုးပဲ...ပြင်ပြင်ဆင်ဆင်နဲ့ ဟော့ရှော့လုပ်နေတယ်..နည်းနည်းပါးပါး ဆုံးမဦး...ရတယ်ဆိုပြီး ငြိမ်မနေနဲ့နော်..နင်က အကြီး..မကောင်းတာကို တား..."
"ဟုတ်ကဲ့..."
"ဒါကိုရှေ့စားပွဲမှာ တင်ထားခဲ့လိုက်....ရော့...နင့်အမေ ဆေးဖိုးကလည်း ရှိနေတော့ ကြိုထုတ်ပေးလိုက်မယ်..နင်က အလုပ်ရုံတွေ ဘာတွေ မလာတော့ဘူးလား..ရုံသစ်ကို တစ်ခါမှ ရောက်မလာဘူး..လစာယူနေတာပဲ..မျက်နှာလေးတော့ လာပြပါဦး..သူများ ပြောစရာ ဖြစ်နေမယ်."
"ဟုတ်ကဲ့..ဆု ဒီနေ့လာခဲ့ပါမယ်...ငွေကြိုပေးလို့လည်း ကျေးဇူးတင်ပါတယ်...မမရယ်..."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...