လခြမ်းပဲ့
အပိုင်း (၁၂)
#လခြမ်းပဲ့
05250302
"ဆရာ ည က အိပ်မပျော်ဘူးမလား."
"ဟမ်."
ကောင်းမြတ် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်တော့ သွားကြဲ ရယ်ပြနေလို့ အကြည့်ပြန်လွဲလိုက်ရသည်။
စိတ်က မကြည်ပါဘူးဆိုခါမှ ဒီကောင်က တစ်မှောင့်..။
"ဆရာ အခန်းထဲကနေ သီချင်းကြားနေရလို့...ဟို..ကံကောင်းတာယူလာဆိုတဲ့ သီချင်း...တစ်ပုဒ်ထဲကို ဖွင့်နေတာ ဆရာ မပျင်းဘူးလား...ကျွန်တေ်ာတို့တောင် နားထောင်ရင်း အိပ်ပျော်သွားတာပဲ...."
"မပျင်းပါဘူး..ငါ့စိတ်က နည်းနည်း အစွန်းရောက်တယ်..."
"များများပါ..ဆရာရဲ့..ဟဲဟဲ."
"........"
ကောင်းမြတ် ဘာမှ မပြောပဲ လက်ထဲက ဆေးလိပ်ကို ရှိုက်လိုက်ကာ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်သည်။
"အရင်ရက်တုန်းက ဆရာ့တဲက အေးနေတာပဲ ခုတော့ အိပ်ရတာ လှောင်ပိတ်နေပြီမလား.."
"အစကတည်းက အခန်းထဲ အိပ်တာပဲ'
"ဒါတော့ ဒါပေါ့..ဆရာလည်း အပြင်မှာ မအိပ်ပဲ ဘာလို့ ကာလိုက်တာလဲ...မဟုတ်ရင် လေတဖြူးဖြူးနဲ့ နေလို့ကောင်းတယ်..ဒီလောက်ပူနေတာ..မိုးကလည်း ရွာဦးမယ် မထင်ဘူး..."
"ေ-ာက်စကားကိုများတယ်...ကာချင်လို့ကာတာကွာ..."
"ဟီး..."
ကောင်းမြတ် စိတ်မရှည်တော့လို့ လက်ထဲက စီးကရက်ကို ရေတိုင်ကီဘေးကို တောက်ထုတ်ပစ်လိုက်သည်။
"ဆရာ့ကို ကြည့်ရတာ ဒီနေ့ ညစ်နေသလိုပဲ.."
"မင်း သိရင် ကြည့်နေ ကြည့်စား.."
"ကျွန်တော်က ကိစ္စ မရှိပါဘူး..ဆရာ စိတ်ညစ်နေတာကိုပဲ ကူပေးချင်တာ...အလုပ်ကိစ္စ က အဆင်မပြေလို့လား ဆရာ..."
"သူတို့က မိုးမဝင်ခင် ပြီးစေချင်တာ မင်းသိသားပဲ...မြေတူးတာနဲ့တင် တိုင်ပတ်နေတာ..."
" နေ့ကော ညကော ဆက်လုပ်ရင် ပြီးပါတယ်...တကယ်ဆို ကျွန်တော့်ကိုပဲ လွှတ်လိုက်လည်း ရရဲ့သားနဲ့..ဆရာက ဘာလို့ ဆင်းလာတာလဲ...ဒီမှာ လာပြီး အလကား အပင်ပန်းခံနေတယ်..ဆရာ ရထားတဲ့ ဘွဲ့နဲ့ ဒီအလုပ်က မဆိုင်ပါဘူး..ဆရာက မာနမကြီးလို့သာ ခုလိုတွေ လိုက်လုပ်ပေးနေတာ...တကယ်ဆို..ဒါက တွတ်ပီတို့ အဖွဲ့ကို အပ်လိုက်လည်း ပြီးတာပဲ..."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...