Part 29

12.6K 818 362
                                    


လခြမ်းပဲ့

အပိုင်း (၂၉)

#လခြမ်းပဲ့

06160828

'ဆု...တောင်းပန်ပါတယ်...စိတ်မဆိုးပါနဲ့...တောင်းပန်ပါတယ်...'

'ဆုဆု...'

'ဟင်...'

ဆု့ လက်ကို ဆွဲထူပြီး မြှောက်တက်သွားတော့မှ အလန့်တကြားဖြစ်ကာ မျက်လုံးပွင့်သွားသော်လည်း တင်းတင်းကြပ်ကြပ် အဖက်ခံထားရသည်။

'ဟင်း..'

အိပ်မက်က နိုးလာတာကြောင့် အသိသိပ်မကပ်သော်လည်း သူ့ကို ပြန်လည် ပွေ့ဖက်ကာ ပခုံးပေါ် မေးတင်၍ မျက်လုံးမှိတ်ထားမိသည်။

'အိပ်မက်ပြန်ပြီလား...'

'အင်း..'

ဆု ခေါင်းညိတ်လိုက်ပြီးမှ သူ စိုးရိမ် စိတ်ပူသွားမလားလို့ တွေးမိသည်။

'အရင်အိပ်မက်လိုမျိုး မဟုတ်တော့ပါဘူး..'

'ဘာလိုမျိုးလဲ...ဘယ်ကောင်ကို သွားတောင်းပန်နေတာလဲ...'

ဆု အိပ်မက်ထဲက စကားလုံးတွေ အပြင်မှာလည်း ယောင်၍ ထွက်လာခဲ့သည် ထင်ပါသည်။

အိပ်မက်ထဲအထိ ပြဿနာရှာချင်နေတဲ့ လူကို စိတ်မဆိုးမိပဲ ပြုံးမိသွားကာ ပို၍ တင်းတင်း ပွေ့ဖက်မိသည်။

အနွေးထည် ဝတ်ထားရသော်လည်း ပွေ့ဖက်ခြင်းရဲ့ လုံခြုံနွေးထွေးမှုကို သပ်သပ်ခံစားရသည်။

'နင့်ကို တောင်းပန်နေတာ...'

'ဪ...ငါ့ကိုဆိုရင်တော့ ငိုပြီး တောင်းပန်ရမှာ....ပါးစပ်က ပြောရုံနဲ့ မရဘူး..'

ဆု နှာခေါင်းရှုံ့မိသွားပေမဲ့လည်း သူ့ ပါးစပ်အကြောင်း သိတာ ဆယ်နှစ်အရွယ်ကတည်းကမို့ နားလည်ပေးလိုက်ရပါသည်။

'အိပ်မက်ထဲမှာ နင်က စိတ်ဆိုးနေလို့ တောင်းပန်နေတာ....ခုကော စိတ်ဆိုးနေတုန်းလားဟင်...'

'ငါ့စကားကို မြေဝယ်မကျ နားထောင်ပေးပြီး ငါ့ရဲ့ အရုပ်လို နေပေးနေလို့ နည်းနည်းတော့ စိတ်ဆိုးသေးတယ်...'

'အဟင်း...'

ဆု ပြုံးလိုက်မိကာ အိပ်မက်ထဲမှာတော့ သူက စိတ်ဆိုးနေတာကိုပဲ ဆု့မှာ နှလုံးကြေကွဲအောင် ခံစားနေရတာကို သတိရသည်။

လခြမ်းပဲ့Where stories live. Discover now