လခြမ်းပဲ့
အပိုင်း (၈)
#လခြမ်းပဲ့
05230208
"ဆုဆု...ငါပြီးတာနဲ့ ထမင်းစားမှာနော်...မြန်မြန်ချက်...ဒီလောက် ဖုန်းကြိုဆက်ထားတာတောင်မှပဲ..."
ဆု ဘာမှ ပြန်မပြောပဲ ထမင်းအိုးကို မီးဖိုပေါ်က ချလိုက်သည်။
နေ့ခင်းကတည်းက ဖုန်းဆက်ပြီး ညစာကို ဟင်းပါလာမှာမို့ အပိုမကုန်အောင် ဟင်းမချက်နဲ့ ထမင်းပဲချက်တဲ့..။
သူတို့ ညနေမှ ရောက်မယ်ဆိုတာ အစ်မ ပြောထားပြီးသားပါ..။
အစ်မတို့အတွက် ထမင်းချက် ပြီး အိမ်သန့်ရှင်းရေး လုပ်ပေးနေရတာနဲ့ မိုးချုပ်သွားလို့ သူ့အတွက် ထမင်းအိုးကိုတော့ ဆု နောက်ဆုံးမှသာ ချက်ဖြစ်သည်။
အစ်မတို့ကလည်း အိမ်မှာ ထမင်း လိုက်စားဖို့ ပြောပေမဲ့လည်း "ဒီမှာပဲ ဆုဆု ကို ပြင်ခိုင်းလိုက်မယ်"ပြောလို့ ဆု ကျန်နေခဲ့ရတာပါ..။
ခရီးက ပြန်လာရင် ဒီလောက် လုပ်စရာများတာကို ဆု့ကို ဒီတဲမှာ ထားခဲ့ရလို့ အစ်မ မကျေနပ်မှာ စိတ်ပူမိပြန်သည်။
သူများအိမ်လာနေပြီး အလိုက်ကမ်းဆိုးကလည်း မသိတက်လိုက်တာ လွန်ပါရော..။
တဲဘေးမှာ မှောင်နေပြီမို့ ထမင်းအိုးပါ တစ်ခါတည်း သိမ်းဖို့ပြင်ပြီး မီးဖိုကိုလည်း ရေလောင်းသတ်လိုက်ရသည်။
"ဖွီ...အကုန်ဝင်ကုန်မယ်ဟ..."
သူက မျက်နှာကို လက်နဲ့ရမ်း၍ ပြောနေတော့ ဆု ရေထပ်လောင်းရင်း နှာခေါင်းရှုံ့မိသည်။
ရေတိုင်ကီနားကို ရောက်လာတော့မှသာ ပုဆိုးတိုတိုနဲ့ ရေသုတ်ဝတ် ပခုံးပေါ် တင်ထားတာ သတိထားမိတော့သည်။
ဆု ထမင်းအိုးကို မ သယ်၍ တဲရှေ့ကို ထွက်လာခဲ့လိုက်သည်။
ကြွေပန်းကန် နဲ့ ထမင်းအပို ပန်းကန်ကို အဆင်သင့် ချကာ ထမင်းထည့်ထား ဖို့ ပြင်ဆင်ရသည်။
"အမလေး..."
ထမင်းအိုး အဖုံးကို ဘေးမှာ သေချာ ထောင်ပြီးမှ ပူနေတဲ့ လက်ကို ဖြည်းဖြည်းခါ၍ ဇွန်းကို ကောက်ယူရသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...