လခြမ်းပဲ့
အပိုင်း (၂၇)
#လခြမ်းပဲ့
06050303
'တင်...တင်...'
ဆု အခန်းထဲမှာ အိပ်ရာခင်း တွေ လဲနေရင်း အိမ်ရှေ့က အသံမြည်လာလို့ ထွက်လာခဲ့ရသည်။
မကြားဖူးခဲ့တဲ့ ဘဲလ်သံဖြစ်နေတော့ တံခါးအနားကို ရောက်တော့မှ တွေေ၀ တွန့်ဆုတ်နေမိပြန်သည်။
ဆု သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ချိတ်မဖြုတ်ပဲ တံခါးကို ဟ ကြည့်လိုက်သည်။
'...........'
လုံခြုံရေးနဲ့အတူ အမျိုးသမီး တစ်ယောက် က မတ်တတ်ရပ်နေသည်။
အဆင့်အတန်းရှိပုံရတဲ့ ခပ်ချောချော အမျိုးသမီးတစ်ယောက်..။
ဆု ရင်ခုန်လာကာ စကားစပြောဖို့လည်း မဝံ့ရဲသလို သူမေးတာကို ဖြေဖို့အတွက်လည်း အဆင်သင့်မဖြစ်နိုင်အောင် ခံစားနေရသည်။
'ကိုကောင်းမြတ်သူ ရှိလားရှင့်.."
ရုပ်ကလေးနဲ့ လိုက်ဖက်သော ချိုသာ ကြည်အေးသည့် စကားသံလေးကြောင့် ရင်ဘတ်က ပို၍ လှုပ်ခုန်လာသည်။
သူနဲ့ပတ်သက် ရင်းနှီး ကျွမ်းဝင်ဖူးခဲ့သည့် မိန်းမ တစ်ယောက်သာဆို..။
'ရှိလားရှင့်...'
'ဪ.....မရှိပါဘူးရှင့်'
တံခါးကို ဂျက်ဖြုတ်ပြီး ဖွင့်လိုက်မိသည်။
'အစ်မက ဘယ်သူလဲ မသိဘူး...'
ဆု ပြောစရာ စကားလုံးတွေ တိတ်ဆိတ်သွားသည်။
မပြောရဲသလို ပြောလို့လည်း မထွက်..။
အထူးသဖြင့် အမျိုးသမီး တစ်ယောက်မို့ မပြောရဲဘူး ဖြစ်နေသည်။
'အဲဒါ ဦးကောင်းမြတ်သူ ရဲ့ ဇနီးပါ...'
'ရှင်...ဪ..ဟုတ်လား..ဒါဆို..ဒီဖိုင်လေး ပေးလိုက်ပါနော်...အရေးကြီးတဲ့ဖိုင်မို့လို့ ဒီဦးလေးနဲ့အတူ ကိုယ်တိုင်လိုက်လာတာပါ...ညီမ ခရီးထွက်ဖို့ ရှိနေလို့ အိမ်ကိုပဲ လာပို့ပေးလိုက်တာပါ..ကိုကောင်းမြတ်သူ နဲ့လည်း ဖုန်းပြောထားပါတယ်ရှင့်...'
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...