Part 20

11K 658 204
                                    


လခြမ်းပဲ့

အပိုင်း (၂၀)

#လခြမ်းပဲ့

05290147

'ဆုတို့အိမ်မှာ ဘာဖြစ်ရပြန်ပြီလဲ."

"ရှင်..ဘာမှ မဖြစ်ပါဘူး..မမ.."

"အမလေး...မဖြစ်ရင်..တော် ဒီငါးခြောက်ထုတ်ကြီး ထုတ်ခြွေနေပါ့မလား."

"အဟင်း..ဒီတိုင်းပဲ...ဈေးတော်တာတွေ့လို့ဝယ်ခဲ့တာပါ."

'မယုံပေါင်..ငွေအရေးပေါ် လိုပြန်ပြီမလား."

ဆု ပြုံးရင်း ခေါင်းရမ်းလိုက်မိသည်။

ပိုက်ဆံတွေ ပျောက်သွားတယ်ဆိုတာ ဆု မပြောရဲပါဘူး..။

အစ်မက သူ့ဆီမှာ သိမ်းထားပေးမယ်လို့ ပြောဖူးပေမဲ့ ပိုက်ဆံထုတ်တိုင်း စုဆောင်းထားဖို့ချည်း ပြောတက်တော့ ခဏခဏ ယူရတာ မျက်နှာပူတာနဲ့ မပေးထားတော့တာပါ..။

ဆု စုဆောင်းလို့လည်း မရအောင် လကုန်တာနဲ့လစာ အကုန်လွဲပေးလိုက်ရတာကို တွေ့နေတာကြောင့် အစ်မကလည်း ဘာမှ မမေးပါဘူး..။

အခုလိုသာ စုဆောင်းထားတဲ့ ပိုက်ဆံပျောက်သွားတာ သိရင် အတော်လေး ဆူမှာပါ..။

"တစ်ခုခုဖြစ်ရင်...ငါ့ကိုပြော..ဟိုမှာ..ဟိုမှာ..တော့်ရဲ့ အားမကိုးရတဲ့ သူငယ်ချင်းကြီး ကြွချီလာပြီ..ဘာခိုင်းဦးမလဲ မသိဘူး..."

အစ်မက မေးငေါ့ပြတော့ ဆု မီးဖိုခန်း တံခါးပေါက်ကနေ ကြည့်လိုက်မိသည်။

ဆု့ဆီကို လာတာတော့ မဟုတ်ပါဘူး..။

နေကာ မျက်မှန်တပ်ထားပေမဲ့ အစ်မကို ခေါင်းညိတ်ပြသွားကာ အလုပ်လုပ်နေတဲ့ နေရာကို သွားတာပါ..။

"အလုပ်ကတော့ကြိုးစားပါတယ်ဟယ်..နေတာထိုင်တာ ပေါ့ပျက်ပျက်နဲ့ပဲ...မိဘတွေလည်း မနိုင်လို့လွတ်ထားရတယ် ထင်တယ်...ရှာသမျှ လူမွေးလူရောင် မပြောင်နိုင်ဘူး..."

သူနဲ့ ဘာမှ မဆိုင်တော့ဘူးလို့ ခံယူထားမိသော်လည်း ဆု စိတ်မကောင်းဖြစ်မိပြန်သည်။

"အဖေ မရှိတော့ မသိသာဘူး..မေက ငါ့ဘဝအတွက် လိုတာမှန်သမျှ ဖြည့်ဆည်းပေးသေးတယ်...ဘယ်လို လုပ်လဲတော့ ငါ သေချာမသိဘူး..မေ မရှိတော့ လက်ဝတ်လက်စားတွေ ဘာမှ မကျန်တော့ဘူး..ဆွေမျိုးတွေက မယုံဘူးလေ..ငါ့အတွက်ချည်း အကုန် သုံးခဲ့တာ..ကျောင်းတက်ဖို့ကျောင်းလခတောင် သွင်းထားပေးခဲ့သေးတယ်..အဲဒါကြောင့် စာသင်နှစ်တစ်နှစ်လုံး စိတ်ပူစရာမလိုပဲ ကျောင်းတက်နိုင်ခဲ့တာ...စားဖို့ရှာရတာကတော့ ခုလို ကပ်စားလည်းရနေတာပဲ..."

လခြမ်းပဲ့Where stories live. Discover now