Part 9

7.6K 553 177
                                    

လခြမ်းပဲ့

အပိုင်း(၉)

#လခြမ်းပဲ့

05240903

"ကျစ် "

ကောင်းမြတ် အပြင်ထွက်တိုင်း နဖူးနဲ့ တိုက်တဲ့ ဝါးတန်းကို ငုံ့ရှောင်၍ လှေကားဆင့်ကို ဆင်းလိုက်သည်။

တဲပေါ်က ဆင်းရင်း ဘေးကို ကြည့်မိသွားချိန် မီးဖိုမှာ အလုပ်ရှုပ်နေတာကို ရုတ်တရက် မြင်လိုက်ရတော့ အထိတ်တလန့်ဖြင့် ခြေလှမ်းပင် ရပ်သွားသည်။

ဘယ်အချိန်ကတည်းက ရောက်နေတာလဲ မသိဘူး..။

မဟုတ်မှ တဲပေါ် တက်လာသေးလား..။

အိပ်မက်တော့ ဟုတ်ပါတယ်နော်..။

ကောင်းမြတ် သေချာပြန်စဉ်းစားရင်း  စိတ်ပျက်စွာဖြင့် နှာခေါင်းရှုံ့မိသွားသည်။

အဲလောက်တော့လည်း ခွဲခြားတက်ပါသေးတယ်..အိပ်မက်မို့လို့ ဒီလောက်ပေါ့..။

အခုပဲ အိပ်မက်ထဲမှာ ထိုဇာတ်လိုက်ကျော်နဲ့ ပွဲတွေကြမ်းခဲ့တာဆိုတော့ အားတုံ့အားနာစိတ်ဖြင့် မျက်နှာချင်းဆိုင်ဖို့တောင် စိတ်က သိပ်မရဲသေးဘူး..။

မီးဖိုနားမှာ ကျောပေးပြီး အလုပ်ရှုပ်နေသူကတော့ ဘာမှ မသိပါဘူး..။

ဆံပင်မွဲခြောက်ခြောက်တွေကို စုလိမ်၍ နောက်မှာ ကလစ်နဲ့ လိမ်ညှပ်ထားသည်။

ရှပ်အကျီ ၤအကွက်တစ်ထည်ကတော့ အကွက်မပေါ်တာတောင် ထပ်ဝတ်တုန်းပဲ..။

လူက ပိန်ပိန် ကို မီးဖိုရှေ့ ခါးကိုင်းပြီး အလုပ်လုပ်နေတာ အဘွားကြီးနဲ့ မခြားနားပါဘူး..။

မိန်းကလေးတွေရဲ့ နောက်ကျောအလှ....။

ဒီလောက် ပိန်လိန်နေတော့ ဘာပစ္စည်းမှလည်း မရှိပါဘူး..။

ဒါကိုများကွာ...အိပ်မက်ထဲ ဘာတွေ အရသာ တွေ့နေလဲ မသိဘူး...ငါေ-ာက်ရူးကောင်ပဲ..။

ကောင်းမြတ် ပုဆိုးတောင် သေချာ မဝတ်ရသေးလို့ခပ်တိုတို ပြင်စီးလိုက်ပြီး သက်ပြင်း ချမိသည်။

အစတုန်းက ပေရေနေတာ မနေတက်လို့ ရေချိုးပြီး ပြန်အိပ်မလို့ပဲ..။

လခြမ်းပဲ့Where stories live. Discover now