Episode.1

6.5K 310 14
                                    

{Zawgyi}

အဖွင့်အမှာစကားလေးပြောချင်လို့...
ဒီ fic က အစပိုင်းဖတ်ချိန်မှာ တခြား ficတွေနဲ့
ပုံစံတူတယ်လို့ စဉ်းစားကောင်း
စဉ်းစားမိပါလိမ့်မယ်...
ဒါပေမဲ့ ဒါလေးက တခြားဘယ် fic နဲ့မှ
မတူညီတဲ့ ဇာတ်အိမ်နဲ့တည်ဆောက်ထားတာမို့
ဖတ်ရင်းဖတ်ရင်း
ပိုပိုပြီး သဘောကျ နှစ်ခြိုက်လာအောင်
ကြိုးစားပြီး ရေးသားပုံဖော်သွားမှာမို့
အားပေးပြီး လက်ဆင့်ကမ်းကြော်ငြာပေးဖို့လဲ
အကူအညီတောင်းခံအပ်ပါတယ်ရှင့်...
Fb မှာ ရေးခဲ့ဖူးတဲ့ ficလေးဖြစ်တာကြောင့်
ဇာတ်လမ်းကို သိပြီးသားလူတွေလဲရှိပါတယ်
ဒါပေမဲ့ အသစ်လိုမျိုးခံစားရအောင်
ပြောင်းလဲပြင်ဆင်ထားတာတွေရှိတာမို့
အများကြီး ဒီficလေးကိုချစ်ပေးပါလို့...
လျှို့ ဝှက်ချက်ကိုလဲ ထိန်းသိမ်းပေးပြီး
အားပေးကြပါလို့
K ကအကူအညီတောင်းပါတယ်နော်...
ဒါဆိုရင် လျို့ ဝှက်ချက်တွေနဲ့
ပြည့်နှက်နေတဲ့ °°...떠 나 지 마...°°ကို
စတင်လိုက်ပါပြီ...

#####

Start!!

အုပ်မှိုင်းနေတဲ့ ကောင်းကင်ထက်မှာ
တဖျတ်ဖျတ်လက်နေတဲ့
လျှပ်စီးကြောင်းတွေက အကျည်းတန်စွာ
ကျယ်လောင်မြည်ဟီးလို့......
တစ်ဝုန်းဝုန်းမြည်ကာ
ကျဆင်းနေတဲ့ မိုးစက်တွေက
မြေပြင်ပေါ် မညှာမတာ သူသူငါငါ
အလုအယက်နေရာယူလို့...

လူသူတိတ်ဆိတ်သော်ငြား...
ဝုန်းဒိုင်းကြဲနေသော
သဘာဝပတ်ဝန်းကျင်ကြောင့် လမ်းမထက်မှာ
ခြေရာကောက်ကြောင်း တစ်စုံတစ်လေမှ မရှိ......

သို့သော်အားကုန်လုနီးပါး...
တစ်ဇွတ်ထိုးပြေးလာနေသော
ခြေသံတစ်ခုရဲ့နောက်ကို စိုးရိမ်ကြီးစွာ ပြေး၍
လိုက်နေသော ခြေသံတို့သည်
ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာပြီးနောက်...
သဲမဲစွာ အညှိုးကြီးနေသော
မိုးသံတွေကြား ခြုံလွှမ်းလုနီးနီး
အော်ခေါ်သံ တစ်ခု...

••...Hyun လေး !!...
Hyunလေး...Jebal !...••

စိုးရိမ်စွာနဲ့ တားမြစ်သံတစ်ခုကိုအကြား...
နှလုံးသွေးတို့ မလည်ပတ်စေလိုစွာ
ဆွဲစုတ်ခြေမွခံလိုက်ရသလို
အောင့်ကနဲ...

ဟင့်အင်း...ကျွန်တော့်ကို ဒီထက်ပိုပြီး
မနာကျင်ခိုင်းပါနဲ့လား...
ဒီထက်ပိုပြီး ကျွန်တော့်နှလုံးသားတစ်ခုလုံး
မလောင်ကျွမ်းပါရစေနဲ့တော့...
ကျွန်တော့်ကို လွတ်မြောက်စေပါတော့လေ......

떠나지마(Don't Go)Where stories live. Discover now