Episode.8

1K 127 1
                                    

{Zawgyi}

လှပစွာလျောက်လှမ်းလာသော
သူမနောက်ပါးတွင်...
ကျွန်တော့်သိက္ခာကိုနင်းခြေရန်
အောင်နိုင်ခြင်းအမူအရာတို့
ကပ်ပါလာသည်...

လှပစွာပြုံးလိုက်သော
သူမအပြုံးနောက်ကွယ်တွင်..
ကျွန်တော့်စိုးထိတ်မှုတို့ကိုဖမ်းစားလိုသည်...

••...Hello!Baekhyunee..
မတွေ့ရတာကြာပြီနော်...••

ကျွန်တော့်ရှေ့တည့်တည့်စားပွဲခုံပေါ်
လက်နှစ်ဖက်ထောက်၍ငုံ့ကိုင်းလာပြီး...

••...ဘယ်လိုလဲ..နေကောင်းတယ်မလား...••

သူမရည်ရွယ်နေပြီ..သူမဦးတည်နေပြီဆိုသော
အသိစိတ်ကြောင့်အေးစက်လာသော
လက်ဖျားတို့..ကျောင်းဘောင်းဘီစကို
မသိမသာဆွဲစုပ်ထားမိသည်...

••...စကားမစပ်..ဒီနေ့အရမ်း
တောက်ပြောင်နေတယ်နော်...••

••...မင်း...••

••...Wae?..ငါက ငါမြင်တာကိုပြောတာကို..
arr..တခြားသူတွေမသိသေးဘူးထင်တယ်...••

••...Yoo Hanji..မင်း!!.••

••...အော်ဟော..အဆောင်အယောင်တွေ
ရှိလာတော့ပိုပြီးရဲတင်းလာတယ်ပေါ့လေ..
ဒါနဲ့..ဒါတွေက..တန်ကြေးတွေလားဟင်...••

••...မင်း..တကယ်ပဲ !!...••

••...အိုး မျက်နှာကြီးနီလာပါပေါ့လား..
အဲ့ဒီလိုမှပဲ..သေချာကြည့်လိုက်တော့မှ..
Baekhyun ah!နင့်အသားအရည်က
တကယ်ကောင်းတာပဲ..
.ကြားရတာကို သိပ်မယုံမိတာမှားတာပဲ...••

••...Wow!! Baekhyun ကဘာကြီးလဲ...••

••...မသိသေးဘူးလား..ကျောင်း Website မှာ
သူ့ပုံတွေတက်နေတယ်လေ...••

••...ဟုတ်လား ငါမကြည့်ရသေးဘူး...••

••...ဒီမှာလေ..လေးယောက်တစ်ယောက်
ကြင်နာခန်းလေး...••

••...အီး ! ..Plus ကြီးလား...••

ကျွန်တော့်ရင်ဘက်ထဲကတဒုန်းဒုန်းမြည်သံက
အပြင်သို့လျှံထွက်ကျလုနီးပါး...
ဟိုနေ့ကဖြစ်ရပ်ကို..သူတို့..သူတို့...
ဘာလို့..ဒီလောက်ထိ

떠나지마(Don't Go)Where stories live. Discover now