Episode.10

1K 127 5
                                    

{Zawgyi}

••...အဓိပ္ပါယ်မရှိတာ...••

••...ဘာလို့ သူ့ကိုမှလဲ...••

••...နားမလည်နိုင်စရာပဲ...••

ငြင်းဆန်လိုသောစကားသံတွေကြား..
Kai Hyung အသံကိုမြှင့်၍..

••...Baekhyun ကဘာလို့
Sky မဖြစ်နိုင်ဘူးထင်တာလဲ...••

အနည်းငယ်တင်းမာသော လေသံကိုတော့
ကြောက်ကြသည်ထင်ပါရဲ့..
တိတ်ဆိတ်သွားလိုက်သည်မှာ
အသက်တောင်ရှုကြရဲ့လား မသိ....

••...ဘာလို့ သူ့ကိုမှလဲသိချင်လား..
သေချာနားထောင် ...
ဒီကျောင်းထဲမှာရှိတဲ့မင်းတို့အားလုံးထက်..
Baekhyun ကဖြူစင်တယ်..
ငါနဲ့ Star ထက်ပိုပြီးဖြူစင်လို့..
Sky ဖြစ်လာတာ..ငွေပုံပေးရင်
ဘာမဆိုရတဲ့လောကမှာနေရတဲ့
မင်းတို့ကိုယ့်ကိုကိုယ်ဖြူစင်တယ်လို့
လိပ်ပြာလုံရဲ့လား..Sky of Silver Star
ဖြစ်လာရတဲ့အကြောင်းအရင်းက
မင်းတို့ထက်လောဘကင်းပြီးဖြူစင်တယ်..
နှလုံးသားနွေးထွေးတယ်..
မင်းတို့မပိုင်ဆိုင်ထားတဲ့အချက်က
မင်းတို့အထက်မှာရောက်နေစေတာပဲ...••

Kai Hyung ကစကားအပြီးမှာ
ကျွန်တော့်ခေါင်းကိုခပ်ဖွဖွလေးလာကိုင်ပြီး
ရယ်ပြသည်ကို ပြန်လည်၍ရယ်မပြမိ..
ထပ်ပြီး Hyung ရဲ့စကားသံ...

••...arr..အခုကစပြီး..သူ့ကိုချောက်ချကာ..
နှိမ့်ချဆက်ဆံတာ..ခိုင်းနှိုင်းတာတွေ
အတွက်..Silver Star ကဝင်ပါမှာမဟုတ်ဘူး..
Sky ကိုယ်တိုင်မင်းတို့ကို ကိုင်တွယ်
ဖြေရှင်းလိမ့်မယ်..Silver Starရဲ့
ပိုင်ဆိုင်မှုတွေက Sky ရဲ့
လက်ညိုးညွှန်ရာမို့ သိတယ်နော်...••

••...Hyung တော်ပါတော့...••

ခပ်ကြိတ်ကြိတ်လေးပြောတော့
ကျွန်တော့်ပုခုံးနှစ်ဖက်ကိုအုပ်ကိုင်ကာဖြင့်

••...ကိုယ်ပြောသလိုနေပေးနော်..
ခါးကိုမတ်ထား ခေါင်းကိုမော့ထား..
ကလေးကအခုကစပြီး
Sky of Silver Star ပဲ..
သွား..အတန်းထဲသွားထိုင်တော့...••

••...nae...••

••...နေ့လည်စာစားဖို့လာခေါ်မယ်နော်...••

떠나지마(Don't Go)Where stories live. Discover now