Episode.6

1.1K 137 5
                                    

{Zawgyi}

ချစ်သူနာကျင်ရတဲ့အခါ
ကိုယ်ပါသေမတတ်နာကျင်ရတယ်..

ချစ်သူအထီးကျန်တဲ့အခါ
ကိုယ်ပါလွမ်းဆွတ်ရတယ်...

ချစ်သူဒုက္ခဝေဒနာခံစားရတဲ့အခါ
ကိုယ်ပါ ကူကယ်ရာမဲ့တယ်..

ပိုင်ဆိုင်ဖို့ရာ ...
မဖြစ်နိုင်တော့တဲ့ လောဘက..
နောက်ဆုံးမှာ နာကျင်ခြင်း
ရလဒ်ဆိုးသာ အဖြေပေးမှာသိပေမဲ့...

နှုတ်ခမ်းပါးပါးလေးက ဖြူဖျော့ရုံမက
နှုတ်ခမ်းထောင့်မှာပါ
ခြောက်ကပ်ကပ်သွေးစတွေနဲ့..
မျက်ခုံးနဲ့ပါးရိုးတွေမှာလည်း
အနည်းငယ်ဖူးယောင်
ညိုမည်းဒဏ်ရာတွေ..

ပျော့ဖတ်နေသေးသောလက်ချောင်းတွေကို
အသာဆုပ်ကိုင်ရင်း လဲပေးထားသော
အင်္ကျီလကိရှည်အား
အသာဆွဲ၍တင်လိုက်တော့
ဖြူစုတ်နေသည့်
အသားဖျော့ဖျော့ပေါ်က
အကျည်းတန်လွန်းသည့်
အညိုကွက်တွေကိုကြည့်ရင်း
အသားတွေတဆက်ဆက်
တုန်လာသည်အထိ...

ဒေါသထွက်နေသည်ထက်
အရိုင်းစိတ်ဘက်ရောက်နေသော
ကိုယ့်ကိုကိုယ် ဒီ့ထက်ပို
ထိန်းချုပ်တော့မည်မဟုတ်၍
လက်ကလေးကအသာပြန်ချလိုက်ပြီး
အခန်းထဲမှထွက်လာတော့
Kai ကအခန်းဝမှာ
မတ်တပ်ရပ်၍စောင့်နေသည်...

••သွားမလို့လား...••

••...omm...••

••...သိတယ်မလား..YooHanJi ကလွဲပီး
မရှိနိုင်ဘူးဆိုတာ...••

••...သတ်ပစ်မှာ...••

••...ငါပါလိုက်မယ် Baek ကိုဒီတိုင်းထားခဲ့မှာလား...••

••...မဖြစ်ဘူး ကလေးကိုတစ်ယောက်ထဲ
ထားခဲ့လို့မဖြစ်ဘူး...••

••... မနက်ဖြန် ကျောင်းတက်မှလုပ်..
ဒီညကနောက်ကျနေပြီ...••

••...omm..••

••...ငါပြန်တော့မယ်
စိတ်ကိုအေးအေးထား..
မနက်ဖြန်မှ ပေါက်ကွဲထွက်ရမယ်မလား...••

••...omm...••

နားထဲတွင် ခပ်သဲ့သဲ့ကြားနေရသော
ရှိုက်သံတိုးတိုး ...
မသဲမကွဲအသံကြောင့်
အတည်ပြုရန်မျက်လုံးတွေကို
အားယူ၍ ဖွင့်သော်လည်း
စိတ်ရှိသလောက် အားကမပါ၍
မြင်လွှာကျဉ်းကျဉ်းသာ...

떠나지마(Don't Go)Where stories live. Discover now