{Zawgyi}
••...သတိရပြီလား Chanyeol ?...••
မျက်လုံးနဲ့ အသိအာရုံ မပွင့်တပွင့်မှာပဲ
အနားက စကားပြောသံကြောင့်
Sehun မှန်း တန်းသိလိုက်သည်...အသိအာရုံမှာ ရှင်းလင်းသွားသည်နှင့်
ခေါင်းထဲ တန်းရောက်လာတာက HyunSehun ကိုမေးချင်သော စကားတွေရှိပေမဲ့
လက်လှုပ်ဖို့တောင် အားမသုံးချင်တာမို့
အမေးမျက်လုံးနဲ့သာ ကြည့်လိုက်တော့
နားလည်စွာပင် ရှင်းပြလာခဲ့သည်...••...တောင်းပန်ပါတယ် Chanyeol
မင်းကို ဒီလိုဖြစ်စေတာ ကိုယ်ပါ...••မင်းနဲ့ ဘာမှ မဆိုင်တာပဲ Sehun ရာ...
••...Baekhyun အကြောင်း
သိချင်နေတယ်မလား ?...••ခေါင်းအသာငြိမ့်ပြတော့ သက်ပြင်းတစ်ချက်
အရင် ချလာလေရဲ့...••...Baekhyun ဆရာဝန်ဖြစ်နေပြီ
နှလုံးအထူးကု ဆရာဝန်...••ဆရာဝန်တောင် ဖြစ်နေပြီတဲ့လား ?
ကိုယ် ဝမ်းသာလိုက်တာလေ...••...ပြီးတော့ သူ့မှာ အခုဆို
သားလေးတစ်ယောက်တောင် ရှိနေပြီ...••တကယ်ပဲ အမှန်တွေကိုး
တကယ်ကို အိမ်ထောင်ပြုပြီးပြီပဲ !••...မင်းကို သူပဲ ကြည့်ပေးသွားတာ
အခုတော့ ပြန်သွားပြီ...••မင်းရဲ့ စောင့်ရှောက်မှုနဲ့ ကိုယ်နိုးထလာတယ်
ဆိုတာနဲ့တင် နှလုံးသားက သိမ့်ကနဲ...
ဒီလောက်နဲ့ ကိုယ်ကျေနပ်ပါတယ်...••...အခုတော့ နားလိုက်နော်
ဘာမှ မတွေးနဲ့ ဘေးမှာ ကိုယ်ရှိနေမယ်...••
YOU ARE READING
떠나지마(Don't Go)
FanfictionSky Of Silver Star ... အထီးကျန်မှုတွေဟာ အရာရာတိုင်းတော့မဟုတ်ဘူး... ဒါပေမဲ့ လူတိုင်းအတွက် အထီးကျန်မှုဆိုတာ တစ်မျိူးစီတော့ ရင်ဝယ်ပိုက်ထားကြရတယ်... အားငယ်တတ်တဲ့ အထီးကျန်မှု... မချင့်မရဲဖြစ်နေရတဲ့ အထီးကျန်မှု... မြိုသိပ်ထားရတဲ့ အထီးကျန်မှု... ပေးဆပ်ရုံ...