Episode.17

965 115 5
                                    

{Zawgyi}

]ခပ်နွေးနွေးကော်ဖီခွက်ကို
လက်နှစ်ဖက်ဖြင့်
အုပ်ကိုင်ထားပုံလေးကိုက
စိတ်လှုပ်ရှားနေသည်ကိုဖုံးကွယ်ချင်တဲ့
ကလေးဆန်သောအပြုအမူ....

သွယ်လျနေသောလက်ချောင်း
ရှည်ရှည်သွယ်သွယ်လေးတွေက
အရင်အတိုင်းမပြောင်းလဲသေး....

Sehun ပြောသည့်အရပ်ကြီးရှည်လာတာ
အမှန်ဖြစ်ပြီး ကျယ်ပြန့်လာသော
ပုခုံးကျယ်တွေက ခန့်ညားမှုကိုနိ
ှုင်း၍ပင်မရလောက်..

အရင်အတိုင်းမျက်နှာလေးက
ပြောင်စင်ဖြူနုနေပြီး
ပါးဖောင်းဖောင်းတွေကတော့
အရွယ်ရောက်လာခြင်းကြောင့်
အနည်းငယ်သာကျန်ရစ်တော့သည်...

ဖောင်းပြည့်ပြည့်မျက်ဝန်းတွေကို
ဖုံးအုပ်ထားတဲ့ရွှေရောင်မျက်မှန်ဝိုင်းလေးက
လိုက်ဖက်လိုက်သည်မှာ..

ဆံပင်တွေကတော့ အရင်ကအတိုင်း
အနက်ရောင်ပေမဲ့..
လူကြီးဆန်မှုကိုပြသသော ဘေးကိုခွဲ၍
နဖူးအပြောင်သိမ်းကာ သပ်တင်ထား၍
အသည်းယားလို့
စိတ်ကြိုက်ဆွဲဖွ၍ရနိုင်တော့မည်မထင်...

အများကြီးရင့်ကျက်လာတာပဲ..
အများကြီးပြောင်းလဲသွားတာပဲ...

အကြာကြီးစိုက်ကြည့်နေလို့လားမသိ..
မျက်မှန်အောက်က မျက်ဝန်းတွေ
ဂဏာမငြိမ် လှုပ်စိစိဖြစ်လာသည်...

••...အဟမ်း !..••

မတွေ့ရသည့်အချိန်တွေအတွက်
အတိုးချကြည့်နေသလားမှတ်ရအောင်
အကြာကြီးတစ်ခုချင်း
ဖြေးဖြေးချင်းလိုက်ကြည့်နေ၍
လူကထွက်ပြေးချင်လာသည်...

••...Sky...••

••...Baekhyun..
Baekhyun လို့ပဲခေါ်ပေးပါ...••

••...အင်း..ကောင်းပါပြီ...••

••....ဒီကိုဘယ်လိုလုပ်..arr..
Oh Sehun ပြောတာမလား...••

••...အရမ်းကိုရင့်ကျက်လာပြီပဲ...
အရမ်းကိုပြည့်စုံလာပြီပဲ...••

ကျွန်တော့်မျက်နှာကို
ခပ်ဆွေးဆွေးစိုက်ကြည့်ကာ
ရေတွက်နေသလိုစကားကြောင့်
ဘာပြန်ပြောလို့ပြောရမှန်းမသိ...

떠나지마(Don't Go)Where stories live. Discover now