Eposode.5

1.3K 149 5
                                    

{Zawgyi}

စူပုတ်နေသောမျက်နှာလေးကြောင့်
ကားကိုလမ်းဘေးထိုးရပ်လိုက်ပြီး...
ကားတစ်စောင်းထိုင်မတတ်
ဖြစ်နေသောခလေးအား...
လက်မောင်းလေးမှအသာဆွဲတော့
လာမကိုင်နဲ့ဆိုသောအထာနဲ့
မျက်လုံးလေးကိုစွေကြည့်လေသည်....

အသည်းယားစရာကောင်းလိုက်တဲ့ကလေးလေး...

••...စိတ်မဆိုးပါနဲ့..Baek ရာ...••

••...စိတ်ဆိုးတာမဟုတ်ပါဘူး..
Hyung ကအတင်းကြီး
ဆွဲခေါ်လာတာကိုး...••

••...မတက်နိုင်ဘူးလေ..
Baek ကအတင်း
ခြေစုံကန်ပြီးတောင့်နေတာကိုး...••

••...ကိုယ့်ဘာသာကိုယ်..
ပြန်မယ်လို့ပြောတယ်လေ..
ပြန်နေကျပဲဟာကို...••

••...တစ်ခါတစ်လေအတူပြန်မလို့ပေါ့..
အမြဲတမ်းစက်ဘီးနင်းပြီး
တစ်ယောက်တည်းပြန်ရတာမပျင်းဘူးလား...••

••...ကျွန်တော်သိပါတယ်..
Yoo Hanji ရဲ့ခြိမ်းခြောက်
စကားကြောင့်မလား..••

••...အင်း..ကိုယ့်ကြောင့်..
Baek ကိုသူမဲနေတာ...••

••ကျွန်တော်လဲ ယောကျာ်းလေးပဲလေ..
အရမ်းကြီးစိတ်မပူပါနဲ့...••

••...Yoo Hanji ကအမည်ခံ
မိန်းခလေးပေမဲ့..
ယောကျာ်းတယောက်နီးပါး..
နောက်လိုက်အင်အားတွေကိုပိုင်ဆိုင်ထားတာ...••

••...ဒီကနေပဲဆင်းမယ်..
ဂေဟာနဲ့မဝေးတော့ဘူး...••

••...လိုက်ပို့မယ်ဆို...••

••...မပို့ပါနဲ့ဆို...••

••...Baek...••

တစ်ယောက်တစ်ပြန်အော်နေကြတာ
မဟုတ်သော်လည်း..
ကားထဲမှာမို့..နောက်ခန်းတွင်ထိုင်၍
ဖုန်းပြောနေသော Kai Hyung တစ်ယောက်..
နားငြီးလာပုံပေါ်သည်...

••ဟာကွာ..နှစ်ယောက်လုံး
ကားထဲကဆင်းကွာ..••

••...ဟွန့်...••

အေးတိအေးစက် နေတတ်တဲ့ကလေးဆိုတော့
စနောက်ရန်ဖြစ်တာတွေနဲ့သိပ်မရင်းနှီးတဲ့ကလေးမို့
Kai ရဲ့စကားမှာ..သူ့ကိုဆူတယ်ထင်ပြီး
Star ကိုမကြည်ကြည့်ကာငြိမ်ကျသွားလေရဲ့...

떠나지마(Don't Go)Where stories live. Discover now