Episode.29

724 115 20
                                    

{Zawgyi}

အခုထိ တိတ်ဆိတ်နေသေးသော
နေရခက်မှုကြောင့် လက်သည်းတွေ
ကုတ်ဖဲ့လိုက် မျက်လုံးက ဟိုကြည့်
ဒီကြည့်ဖြင့် မျက်လွှာချပြီး ငြိမ်သွားလိုက်
သက်ပြင်းတွေ ချလိုက်ဖြင့်
တစ်ယောက်တည်း အလုပ်တွေရှုပ်နေသော
ကောင်လေးအား ကားမောင်းရင်း
တစ်ချက်တစ်ချက် ကြည့်နေမိကာ
ကြာလာတော့ ပြုံးစိစိဖြစ်လာရသည်

ကိုယ် ရယ်လိုက်မိသည်ကို ရိပ်မိသွားတဲ့
lay ဟာ ဖျတ်ကနဲ ဆွေကြည့်လာကာ
ဘုကလန့် စကားလုံးတို့ဖြင့်
ရှက်ရွံ့ခြင်းကို ကာကွယ်လာသည်

••...ဘာ ရယ်တာလဲ...••

••...အဟင်း ! ကိုယ်မရယ်မိပါဘူး...••

••...ဒီမှာပဲ ရပ်လိုက်ပါတော့
ဒီကနေပဲ ပြန်လိုက်မယ်...••

••...အိမ်အထိ လိုက်ပို့မယ်...••

••...ဘယ်သူက ငါ့ကို ဖမ်းစားမှာမို့လို့...••

••...မင်းအိမ်ကို သိထားချင်လို့...••

••...ဘ ဘာ !...••

••...ကိုယ်တို့ သူငယ်ချင်းပြန်ဖြစ်နေပြီလေ
အိမ်သိထားတာ မထူးဆန်းပါဘူး...••

••...ဘယ်သူက မင်းနဲ့ သူငယ်ချင်း
လုပ်မယ် ပြောလို့လဲ ?...••

••...ဒီရပ်ကွက်နော် လမ်းကိုပြော...••

••...အားး ! တကယ်ပါပဲ...••

••...hk hk !...••

ကိုယ် မင်းကို မကာကွယ်နိုင်ခဲ့တာတွေအတွက်
အခုချိန်ကစပြီး ကာကွယ်ဖို့ တာဝန်ရှိလာပြီ
Yoo Han Jiက အခုဆို အရင်ကထက်
အင်အားကြီးမားတဲ့ စွန်ရဲတစ်ကောင်ဖြစ်နေပြီမို့
ထပ်ပြီး မင်းကို ဒုက္ခမပေးနိုင်အောင်
ကိုယ် ကာကွယ်ပါရစေ Lay

ကိုယ့်ရဲ့ သိတတ်အားနာမှုတွေထက်
မင်းအပေါ် ကာကွယ်ချင်တဲ့စိတ်ကတော့
ကိုယ့်ရဲ့ ရင်ထဲက စိတ်ရင်းအမှန်ပါ

떠나지마(Don't Go)Where stories live. Discover now