Episode.31

853 114 23
                                    

{Zawgyi}

ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့
မြင်ကွင်းဟာ ဘယ်သူပဲကြည့်ကြည့်
ကြည်နူးဆွတ်ပျံ့ဖွယ်အတိ

ပြီးပြည့်စုံနေသော ပျော်ရွှင်မှုတွေ
လွှမ်းခြုံထားတဲ့ မိသားစုပုံရိပ်ဟာ
ကျွန်တော့်မျက်လုံးထဲမှာလူသတ်ကွင်းသဖွယ်

ကျွန်တော့်ရဲ့ ကမ္ဘာသည် ပြိုမည့်
အချိန် တန်ပြီလား ?

••...အော ! Appa !! ...••

ကျွန်တော့်ရဲ့ ယုံကြည်ရာလေးဟာ
ကျွန်တော့်ကို တွေ့လိုက်ရ၍ အားရဝမ်းသာ
ခေါ်လိုက်သော နာမ်စားမှာ
ကျွန်တော့် ယုံကြည်မှုတို့
ပြန်လည် အသက်ဝင်လာခဲ့သည်

ခြေလှမ်းတွေ လှမ်းမရလောက်အောင်
တုန်ရီနေတဲ့ ကျွန်တော့်ဆီ သားပြေးအလာမှာ
မြေပြင်ပေါ် အဆင်သင့် ဒူးထောက်ပေးပြီး
လက်နှစ်ဖက်တန်းကာ ကြိုရန်အသင့်

Appaဆီ လာလှည့်ပါ
Appa ရဲ့ သားလေး

••...အင့် ! သားလေး Appa သားလေး...••

ရင်ခွင်ထဲ တန်းနေအောင်ပြေးဝင်လာတဲ့
သားအား ကျစ်ကျစ်ပါအောင် ဖက်ကာ
ငိုချမိတော့မတတ်ပင်

သားကို လွှတ်မပေးနိုင်ဘူး
ဘယ်နည်းနဲ့မှ သားကို ကျွန်တော်
မပေးနိုင်ဘူး ဘယ်သူ့ကိုမှ

••...Appa ကို သားစောင့်နေတာ...••

••...တောင်းပန်ပါတယ် Appa
နောက်ကျသွားတယ်
ပြန်ကြမယ်နော် လာ ...••

••...Appa ဦးဦးနဲ့ ဟို နတ်သမီး...••

••...ပြန်မယ်ဆို လာ...••

သားလက်ကို မလွှတ်တမ်းဆုပ်ကိုင်၍
ထိုနေရာမှ ထွက်သွားဖို့ ကြံတော့
အနားကို ရောက်လာပြီး လက်ကို
ဖမ်းဆွဲလိုက်တဲ့ Hyunh လက်အား
လက်ပြန်ရိုက်ထုတ်လိုက်မိတော့
ကြောင်သွားပုံရသည်

••...Baekhyun !! ဘာဖြစ်လို့လဲ...••

••...ဘာမှ မဖြစ်ဘူး ပြန်တော့မလို့...••

떠나지마(Don't Go)जहाँ कहानियाँ रहती हैं। अभी खोजें