Episode.18

1K 115 10
                                    

{Zawgyi}

••...ဒါတကယ်ကြီးလား...••

နှစ်ယောက်သာရှိသော နေရာတွင်
နီးနီးလေးပြောနေသောစကားကို
မယုံနိုင်စွာ ထပ်ကာခပ်ကာ
မေးခွန်းထုတ်နေပြန်သည်...

••...တကယ်ပါ..ဆေးရုံက
ကိုယ်ရေးရာဇဝင်က
လိမ်ထားတာမျိုးဘယ်ဟုတ်ပါ့မလဲ...••

••...ဒါပေမယ့်..အစကတည်းက
လိမ်ထားမယ်ဆိုရင်ရော...••

••...Kai..ကိုယ်မပြောပြတတ်ဘူး..
အဲ့လောက်ထိ..ဒါပေမဲ့..
မှတ်တမ်းအရဆိုရင်တော့
လက်ထပ်ထားတာအမှန်ဖြစ်ပြီး
ကလေးရှိနေတာလဲအမှန်ပါ...••

••...မယုံနိုင်ဘူး..အဲ့ဒီ့ကောင်လေးက
လက်ထပ်ခဲ့လိမ့်မယ်လို့...••

••...ဘာလို့အဲ့လိုတွေးတာလဲ...••

••...သူက Sanyeol ကိုသိပ်ချစ်ခဲ့တာ...••

••...မှန်ပါတယ်..ဒါပေမဲ့ မင်းပြောသလိုပဲ..
သိပ်ချစ်ခဲ့တာလေ16 နှစ်လောက်
အတိုင်းအတာမှာဒါတွေက
အတိတ်ဖြစ်ခဲ့ပြီလေ..တစ်ချိန်လုံး
အတိတ်ထဲမှာနှစ်မြောနေဖို့က
မတရားလွန်းရာမကျဘူးလား...••

••...သိပါတယ်...••

သက်ပြင်းချတော့မတတ်
မှိုင်တွေသွားပြန်သော Kai အား
ကြည့်ရင်းစိတ်မကောင်းဖြစ်ရပြန်သည်...
ကိုယ်ပြောတာလွန်သွားတာလား...

••...ကိုယ်ပြောတာက...••

••...ငါသိတယ်..ဒီတိုင်း
စိတ်မကောင်းဖြစ်မိတာ...••

••...အခုဘာဆက်လုပ်ကြမလဲ...••

••...လောလောဆယ်တော့
လျို့ဝှက်ထားကြရအောင်..
အမွှာသိရင်ရှုပ်ကုန်မှာစိုးရတယ်..
ဘာပဲပြောပြောကောင်းတာတော့
ဖြစ်လာမှာမဟုတ်ဘူး..
ပြီးတော့အဲ့ဒီကလေး..
သူတည်ငြိမ်နေမှသွားနှောင့်ယှက်
လိုက်သလိုဖြစ်မယ်...••

••...အင်းကောင်းပြီ...••

••...မင်းလဲဆေးရုံမှာ
သူ့ကိုသွားခြေမရှုပ်နဲ့...••

떠나지마(Don't Go)Where stories live. Discover now